H.E Union Minister Dr Zaw Wai Soe of Myanmar & the Rt Hon Amanda Milling, Minister and MP of UK

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ယူနိုက်တက်ကင်းဒမ်း (United Kingdom – UK) နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling တို့ တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၂ ခုနှစ်၊ မေလ (၂၇) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် (၂၅-၅-၂၀၂၂) ရက်နေ့၊ UK နိုင်ငံ စံတော်ချိန် ညနေ (၅:၁၅) နာရီအချိန်တွင် UK နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး (Foreign, Commonwealth & Development Office) ၌ UK နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဝန်ကြီး (၂) ပါးအကြား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် UK နိုင်ငံ၏ အကူအညီပေးမှုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါသည်။

Meeting between H.E. Professor Dr Zaw Wai Soe, Union Minister for Health and Education, the National Unity Government of Myanmar and the Rt Hon Amanda Milling, Minister of State for Asia and the Middle East and Member of Parliament (MP) for Cannock Chase, the Government of the United Kingdom

27th May 2022

H.E. Professor Dr Zaw Wai Soe, Union Minister for Health and Education, the National Unity Government of Myanmar, held a meeting with the Rt Hon Amanda Milling, Minister of State for Asia and the Middle East and Member of Parliament (MP) for Cannock Chase, the Government of the United Kingdom, at the Foreign, Commonwealth & Development Office in London on 25th May 2022 at 5:15 p.m.

At the meeting, the two ministers cordially discussed on matters relating to Myanmar’s uprising against the military coup, humanitarian assistance and restoration of peace and democracy in Myanmar. H.E. Professor Dr Zaw Wai Soe later expressed his heartfelt thanks to the Government of the United Kingdom for their continuous support given towards the people of Myanmar.

Ministry of Health,

National Unity Government.

 

Published on: 27 May 2022
Last Updated: 27 May 2022