Health Benefits of Mango (March, 2023)

‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’

“အသီးမှာ သရက်” ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း အရောင်၊အဆင်း၊ အနံ့၊ အရသာနဲ့ ပြည့်စုံပြီး မြန်မာလူမျိုးတို့အကြိုက် ‘ရာသီစာ သရက်သီး’ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။

🥭 ပုံမှန်အရွယ်အစား သရက်သီးတစ်လုံးမှာ –

* ကယ်လ်လိုရီ 202 (Kcal)
* ကာဗိုဟိုက်ဒရိတ် 50 ဂရမ် (g)
* ပရိုတင်းဓာတ် 3 ဂရမ် (g)
* အမျှင်ဓာတ် 5 ဂရမ် (g)
* ဖောလစ်ဓာတ် (folate)
* ဗီတာမင် A
* ဗီတာမင် B
* ဗီတာမင် C
* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်
* beta-carotene (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)… အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
..
..

🥭 ရာသီစာသရက်သီး စားပေးမယ်ဆိုရင် –

➤ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

သရက်သီးမှာ ရောဂါပိုးတိုက်ထုတ်ရာမှာ အရေးပါတဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေဓာတ် ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
.

➤ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လုံလောက်စွာပါဝင်တဲ့ သရက်သီးက ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာချိန် ဖြစ်တတ်တဲ့ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
.

➤ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

“ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုသလို သရက်သီးမှာပါဝင်တဲ့ amylase က အစာခြေစနစ်ကို ပံ့ပိုးပေးပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝမှုကလည်း အူနံရံတွေကို ကျန်းမာစေကာ ဝမ်းမှန်စေပါတယ်။
.

➤ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

သရက်သီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေက သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာ (function) ကို ပုံမှန်လည်ပတ်စေတာမို့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
.

➤ မျက်လုံးလေးတွေ အားရှိဖို့ စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။

မျက်လုံးအတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ကြွယ်ဝတာမို့ ဗီတာမင်အေ ချို့တဲ့ပြီး မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ စတဲ့လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
.

➤ သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပေးတယ်။

🤰 DNA ဆဲလ်ပွားခြင်းနဲ့ သွေးနီဥထုတ်ရာမှာ အရေးပါတဲ့ ဖောလစ်ဓာတ် (folate) နဲ့ ကော့ပါး (copper) ပါဝင်တာမို့ သရက်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။
..
..

🔺 သတိထားဖို့လိုတဲ့အချက်တွေကတော့…

🔸 အမှည့်လွန် သရက်သီး အလွန်အကျွံစားရာကနေ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာ ဖြစ်နိုင်လို့ လတ်ဆတ်ပြီး သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကိုပဲ သင့်တင့်တဲ့ပမာဏသာ စားသုံးသင့်ပါတယ်။

🔸 အချိုလွန်ကဲတဲ့ သရက်သီးဟာ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တာကြောင့် ဆီးချိုလူနာတွေအတွက် ဂရုစိုက်သင့်ပါတယ်။
.

🥭 မြန်မာနိုင်ငံမှာ အနံ့၊ အရသာပေါ်မူတည်ပြီး သရက်သီးမျိုးစိတ်တွေလည်းများ၊ အမျိုးမျိုး ပြင်ဆင်ပြီး စားပုံစားနည်းလေးတွေလည်း မတူကွဲပြားကြတာမို့ ဘယ်လိုလုပ်ပြီး စားရတာကို အကြိုက်ဆုံးလဲ ဆိုတာလေးကိုလည်း ပြောပြသွားပါဦးနော်…

Reference : 📚
https://www.healthline.com/nutrition/mango…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#mango#သရက်သီး

Ministry of Health,

National Unity Government.

Published on: 21 March 2023
Last Updated: 21 March 2023