Health Benefits of Physical Activity for Adults (November, 2022)

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အရွယ်ရောက်ပြီးသူများအတွက် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ (နိုဝင်ဘာလ၊ ၂၀၂၂ ခုနှစ်)

Health Benefits of Physical Activity for Adults

📢 လက်ငင်း ရရှိနိုင်သော အကျိုးကျေးဇူးများ

အလယ်အလတ်မှ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု တစ်ကြိမ် ပြုလုပ်တိုင်း သင့်ကျန်းမာရေးအတွက် အောက်ပါ လက်ငင်းအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

😊 အိပ်စက်ခြင်း – နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါသည်။

😊 စိတ်ဖိစီးမှု လျော့နည်းစေခြင်း – စိတ်ဖိစီးမှု၊ ပူပန်ကြောင့်ကြမှုများကို လျှော့ကျစေနိုင်ပါသည်။

😊 သွေးပေါင်ချိန် – သွေးပေါင်ချိန်ကို လျော့နည်းစေနိုင်ပါသည်။

📢 ရေရှည်တွင် ရရှိနိုင်သော အကျိုးကျေးဇူးများ

ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် နာတာရှည် ရောဂါများကို ကာကွယ်နိုင်ပြီး ‌ အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

⚕️ ဦးနှောက်ကျန်းမာရေး – (အယ်လ်ဇိုင်းမားရောဂါ အပါအဝင်) မှတ်ဉာဏ်ချို့ယွင်းခြင်း စိတ်ဝေဒနာများ ဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။ စိတ်ကျရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါသည်။

⚕️ နှလုံးကျန်းမာရေး – နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သွေးချိုဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်ခြေကို လျော့နည်းစေပါသည်။

⚕️ ကင်ဆာရောဂါ ကာကွယ်ခြင်း – ကင်ဆာရောဂါ (၈) မျိုး ဖြစ်နိုင်ခြေကို လျော့နည်းစေပါသည် (ဆီးအိမ်၊ ရင်သား၊ အူမကြီး၊ သားအိမ်အတွင်းမြှေး၊ အစာရေမျိုပြွန်၊ ကျောက်ကပ်၊ အဆုတ်နှင့် အစားအိမ်)

⚕️ ကျန်းမာသော ကိုယ်အလေးချိန် – ကိုယ်အလေးချိန်တိုးခြင်းကို လျော့ကျစေနိုင်ပါသည်။

⚕️ အရိုးသန်မာခြင်း – အရိုးကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။

⚕️ ဟန်ချက်ညီခြင်းနှင့် ခန္ဓာကိုယ်အနေအထားကို ကောင်းမွန်စွာ ထိန်းနိုင်ခြင်း – လဲကျနိုင်ခြေကို လျော့နည်းစေပါသည်။

Source:
https://www.cdc.gov/physicalactivity/basics/adults/health-benefits-of-physical-activity-for-adults.html

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #PhysicalActivity #Adult #HealthBenefits

Ministry of Health,

National Unity Government.

Published on: 16 November 2022
Last Updated: 16 November 2022