“Health Benefits of Pineapple” (September 2023)

“နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံ”

နာနတ်သီးဟာ အရောင်၊ အဆင်း၊ အနံ့အရသာ ပြည့်စုံရုံတင်မက ဗီတာမင်၊ အင်ဇိုင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အပူပိုင်းဒေသရဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။
..
..

🍍 နာနတ်သီးစိတ် (၁) ပန်းကန်မှာ

* ကယ်လ်လိုရီ ၈၃ ဂရမ် (g)

* ကာဗိုဟိုက်ဒရိတ် ၂၁ ဂရမ် (g)

* ပရိုတင်းဓာတ် ၁ ဂရမ် (g)

* အမျှင်ဓာတ် ၂.၃ ဂရမ် (g)

* ဗီတာမင် C

* ဗီတာမင် B6

* မန်းဂနိ(စ်) – Manganese

* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
..
..

🍍 ကျန်းမာရေး ကောင်းကျိုးများ

➤ ကိုယ်ခံအားစနစ် မြှင့်တင်ပေး၍ နာကျင်ရောင်ရမ်းမှုများ သက်သာစေခြင်း

နာနတ်သီးမှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

နာနတ်သီးမှာ ပါဝင်တဲ့ Bromelain ဓာတ်ဟာ နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

ကြွက်သားများ နာကျင်ခြင်း၊ အရိုးအဆစ်များ နာကျင်ရောင်ရမ်းခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေထက် ပိုမိုသိသာစေတဲ့ အစွမ်းသတ္တိရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
.

➤ အရိုးအဆစ်နှင့် သွားများ သန်မာခြင်း

နာနတ်သီးမှာ အရိုးအားကောင်းစေတဲ့ သတ္တုဓာတ် Copper နဲ့ Manganese ပါဝင်ခြင်းကြောင့် အရိုးနှင့် သွားများကို သန်မာစေပါတယ်။
.

➤ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ပရိုတင်းခြေဖျက်နိုင်စွမ်းရှိတဲ့ Bromelain ကြွယ်ဝတာမို့ အစာခြေဖျက်ရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။ ဒါကြောင့် အနောက်တိုင်းစတိုင် အသားဟင်းပွဲတွေမှာ နာနတ်သီးနဲ့တွဲဖက် ချက်ပြုတ်လေ့ရှိပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက်လည်း ဝမ်းမှန်စေပါတယ်။
.

➤ ကင်ဆာရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်း

ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာမို့ နာတာရှည်နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
.

➤ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

သွေးပေါင်ချိန်ထိန်းညှိရာမှာ အရေးပါတဲ့ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် သွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှု ညီညွတ်စေပါတယ်။
..

🍍 ဒါပေမယ့် သင့်မှာ နာနတ်သီးနဲ့ ဓာတ်မတည့်မှုရှိရင်တော့ စားသုံးရန်မသင့်တော်ပါ။

🍍 အချိုလွန်ကဲတဲ့ နာနတ်သီးဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုလူနာများအတွက် ဂရုစိုက်သင့်ပါတယ်။

🍍 အမှည့်လွန်၊ ယင်နားသောအသီး အလွန်အကျွံစားရာမှ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာတွေ ဖြစ်နိုင်လို့ လတ်ဆတ်၍ သန့်ရှင်းသော နာနတ်သီးကိုသာ သင့်တင့်သောပမာဏပဲ စားသုံးသင့်ပါတယ်။

📚 Reference
https://www.healthline.com/nutri…/benefits-of-pineapple…

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#pineapple_and_health#နာနတ်သီး

Ministry of Health,
National Unity Government.

Published on: September 6, 2023
Last updated: September 6, 2023