“How is HIV Transmitted?” (In Ethnic Languages) (December 2023)

အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာနဲ့အဝှမ်း HIV ပိုးနဲ့ အတူရှင်သန်နေထိုင်သူ ၃၉ သန်းခန့် ရှိနေပြီး AIDS ရောဂါကြောင့် သေဆုံးသူမှာလည်း ၆၃၀,၀၀၀ ခန့် ရှိပါတယ်။

၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ HIV နဲ့ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းတွေ (ကာကွယ်ခြင်း၊ ရောဂါစစ်ဆေးခြင်း၊ ဆေးကုသခြင်း) စတာတွေ အဖက်ဖက်က ချို့ယွင်းလာတဲ့အတွက် HIV ပိုး အသစ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာလည်း ပိုမိုများပြားလာပါတယ်။

ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ HIV ပိုး ကူးစက်နိုင်သော အဓိကနည်းလမ်းများကို ပြည်သူလူထု သိရှိနိုင်အောင် လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic
#HIV#AIDS

Ministry of Health,
National Unity Government.

Published on: December 12, 2023
Last updated: December 12, 2023