How To Use Telehealth Messenger Bot

* NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် တယ်လီကျန်းမာ Messenger Bot အသုံးပြုနည်းလမ်းညွန် Video (၂၉-၉-၂၀၂၁) *

တယ်လီကျန်းမာ Online ဆေးခန်းတွင် ဆေးကုသမှုခံယူမည့် လူနာအနေဖြင့်

၁။ အင်တာနက်ရှိရန် လိုအပ်ပါမည်။

၂။ တယ်လီကျန်းမာ Facebook Page Messenger တွင် လူနာစာရင်းပေးသွင်းရန်လိုအပ်ပါသည်။ ယခု Video တွင် messenger chatbot ကိုအသုံးပြု၍ လူနာစာရင်းသွင်းနည်းကို တင်ပြထားပါသည်။

၃။ လူနာအနေဖြင့် Telegram Account ဖွင့်ထားရန် လိုအပ်ပါသည်။ (Telegram Account ဖွင့်နည်းကို မကြာခင် တင်ပြပေးပါမည်)

၄။ တန်းစီဆေးခန်းတွင်ပြသ သောအခါ ဆရာဝန်က တန်းစီလူနာများအနက် တစ်ဦးချင်းစီကို အစဉ်လိုက်ခေါ်ယူ၍ အကြံဉာဏ်နှင့် ကုသမှုများ ပေးအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် Telegram တွင် လူနာအမှတ်ပြောပြဆက်သွယ်ပြီးလျှင် ဆရာဝန်မှ ပြန်လည်ဆက်သွယ်သည်ထိ (မိနစ် ၃၀ ခန့်) စောင့်ဆိုင်းစေလိုပါသည်။

၅။ Video call ဖြင့် ကုသမှုပေးခြင်းကို အဓိကထားပြီး ဝန်ဆောင်မှုပေးနေသောကြောင့် လူနာများအနေဖြင့် ဆရာဝန်က Telegram Video Call ခေါ်လာလျှင် လက်ခံဖြေကြားနိုင်ရန် အဆင်သင့်ရှိနေပေးစေလိုပါသည်။

၆။ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်။ ပိတ်ရက်မရှိပါ။

************အရေးပေါ်လူနာများ ကုသမှု ခံယူရန် မသင့်လျော်ပါ။ *********

Messenger Chatbot သို့သွားရန်လင့် >> https://m.me/telehealthmm

MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ

တယ်လီကျန်းမာဌာနခွဲ

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ