“In-Vitro Fertilization” (September 2023)

“ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ခြင်း- In Vitro Fertilization (IVF)”

၂၁ ရာစုနောက်ပိုင်းမှာ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်နိုင်လာပါပြီ။ အဲဒီထဲမှာမှ ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်နိုင်မယ့် နည်းလမ်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ In Vitro Fertilisation (IVF) လို့ခေါ်တဲ့ ခန္ဓာကိုယ်ပြင်ပမှာ မျိုးအောင်ပြီးမှ သန္ဓေပြန်တည်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

.

🔶Normal Fertilization Process

IVF အကြောင်းမသွားခင် ပုံမှန် သန္ဓေအောင်ခြင်း/သန္ဓေတည်ခြင်းအကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသမီးရဲ့သားဥ (egg) က ၂၈ ရက်ရာသီစက်ဝန်းမှာ တစ်ခါကြွေပါတယ်။ သန္ဓေအောင်ခြင်းဖြစ်စဥ် (Fertilization) ကတော့ fallopian tube လို့ခေါ်တဲ့ သားဥပြွန်မှာ သားဥနဲ့ အမျိုးသားရဲ့ သုက်ပိုးလို့ခေါ်တဲ့ sperm တို့ ပေါင်းပြီးမှ သန္ဓေသားလောင်း (embryo) ဖြစ်လာတာပါ။ သန္ဓေသားလောင်း သန္ဓေတည်တဲ့နေရာကတော့ အမျိုးသမီးရဲ့ သားအိမ်လို့ခေါ်တဲ့ uterus မှာ ဖြစ်ပါတယ်။

.

🔶 IVF overview

သဘာဝအလျောက် သန္ဓေမအောင်နိုင်တဲ့ အကြောင်းအရင်းတွေရှိလာတဲ့အခါမှာ In Vitro Fertilization နည်းလမ်းက ရွေးချယ်စရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ IVF က အမျိုးသမီးရဲ့သားအိမ်ထဲမှာ သန္ဓေအောင်ခြင်းအစား ဓာတ်ခွဲခန်းထဲမှာ egg နဲ့ sperm ကို အရင်ဆုံး သန္ဓေအောင်စေပြီးမှ အမျိုးသမီးရဲ့သားအိမ်ထဲကို ပြန်ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ ကာလအားဖြင့်တော့ ၂ ပတ်ကနေ ၃ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။

.

🔶 ဘယ်သူတွေ IVF ကို လုပ်လို့ရနိုင်လဲ

National Institute for Health and Care Excellence (NICE) က လမ်းညွှန်ချက်တွေအရတော့ အသက် ၄၃ နှစ်အောက် ကိုယ်ဝန်မရသေးတဲ့ အမျိုးသမီးတွေ အနေနဲ့ IVF ကို လုပ်လို့ရနိုင်တယ်လို့ ပြောထားပါတယ်။ ဘာလို့ အသက်အရွယ်နဲ့ ပိုင်းထားလဲဆိုတော့ အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာက chances of success လို့ခေါ်တဲ့ အောင်မြင်မှုနှုန်း ပိုများလို့ပဲဖြစ်ပါတယ်။

IVF process ကိုလုပ်မယ့် အမျိုးသမီးတွေအနေနဲ့ ဆေးလိပ်သောက်တဲ့သူမဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဆေးလိပ်သောက်ခြင်းက အမျိုးသမီးတွေရဲ့ သားဥဖွံ့ဖြိုးခြင်းကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ IVF process ကို လုပ်မယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပြီး ဆရာဝန်ရဲ့ခွင့်ပြုချက်ရမှသာလျှင် ဆက်လက်လုပ်ဆောင်လို့ရမှာပဲ ဖြစ်ပါတယ်။

.

🔶 IVF main stages

၁။ အမျိုးသမီးရဲ့ ရာသီစက်ဝန်းကို ဆေးတွေသောက်ပြီး ပြောင်းလိုက်ရပါတယ်။

၂။ ရည်ရွယ်ချက်ကတော့ ပုံမှန်ရာသီစက်ဝန်းက one egg ပဲထုတ်ပေးနိုင်တာကို ဆေးသောက်ပြီး eggs တွေ အများအပြားထုတ်ပေးနိုင်အောင် ဖြစ်ပါတယ်။

၃။ ဆေးသောက်နေချိန်အတွင်း Ultrasound scan အမြဲလုပ်နေရပါမယ်။ သားဥတွေဖွံ့ဖြိုးမှုကို အမြဲစစ်ဆေးနေရပါမယ်။

၄။ သားဥတွေ အရွယ်ရောက်လာပြီဆိုရင်တော့ မိန်းမကိုယ်လမ်းကြောင်းကနေ သားဥတွေကို အပ်မှတစ်ဆင့် ထုတ်ယူပါတယ်။

၅။ ဓာတ်ခွဲခန်းထဲမှာ egg နဲ့ sperm နဲ့ကို ပေါင်းပေးပြီး သန္ဓေအောင်စေပါတယ်။

၆၊၊ သန္ဓေအောင်သွားပြီဆိုရင်တော့ အဆိုပါ သန္ဓေသားလောင်းလေးကို အမျိုးသမီးရဲ့ သားအိမ်ထဲကို ပြန်ထည့်ပေးလိုက်ပါတယ်။

.

🔶Typical side effects

၁။ မိန်းမကိုယ်လမ်းကြောင်းကနေ သွေး (သို့မဟုတ်) အရည်ဖြူတွေ ဆင်းနိုင်ပါတယ်။

၂။ ဟော်မုန်းဆေးတွေ သောက်ရတဲ့အတွက်ကြောင့် ရင်သားတင်းတာတွေ၊ ကိုယ်လက်မအီမသာတွေ ဖြစ်တတ်ပါတယ်။

၃၊၊ ဗိုက်နာတာ

၄၊၊ ဝမ်းချုပ်တာတွေလည်း ဖြစ်နိုင်ပါတယ်။

.

🔶 Results

IVF procedure အပြီး နှစ်ပတ်လောက်နေရင်တော့ ကိုယ်ဝန်ရ/မရ စစ်ဆေးနိုင်ပါတယ်။ ကိုယ်ဝန်ရရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အကယ်၍ ကိုယ်ဝန်မရသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ပြီး IVF procedure ကို ဆက်ကြိုးစားလို့ ရနိုင်ပါတယ်။

.

🔶Success rates

အခုဆိုရင်တော့ IVF အကြောင်းတွေ၊ အဆင့်တွေကို သိရှိသွားလောက်ပြီထင်ပါတယ်။ အခုပြောပြပေးမှာတော့ In Vitro Fertilization ရဲ့ အောင်မြင်မှုနှုန်းတွေပဲဖြစ်ပါတယ်။

National Health Service (NHS) ရဲ့စစ်တမ်းအရ‌

– အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေမှာ ၃၂%

– အသက် ၃၅-၃၇ နှစ် အမျိုးသမီးတွေမှာ၂၅%

– အသက် ၃၈-၃၉ နှစ် အမျိုးသမီးတွေမှာ ၁၉%

– အသက် ၄၀-၄၂ နှစ် အမျိုးသမီးတွေမှာ ၁၁%

– အသက် ၄၃-၄၄ နှစ် အမျိုးသမီးတွေမှာ ၅%

– အသက် ၄၄ နှစ်ကျော် အမျိးသမီးတွေမှာ ၄% အထိ အောင်မြင်တာကိုတွေ့ရပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ အောင်မြင်မှုရာခိုင်နှုန်းက အသက်ငယ်တဲ့ အမျိုးသမီးတွေမှာ ပိုများတာကိုတွေ့ရပါတယ်။

.

🔶 Risks of IVF

ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ကုသမှုအတွင်းမှာ ခေါင်းကိုက်တာတွေ၊ ဝမ်းချုပ်တာတွေဖြစ်နိုင်ပါတယ်။ IVF လုပ်ခြင်းဖြင့် နှစ်မွှာပူး၊ သုံးမွှာပူးတွေလည်း ရလာနိုင်ပါတယ်။ သန္ဓေသား နေရာလွဲမှားခြင်းတွေ၊ မျိုးရိုးနဲ့ဆိုင်တဲ့ ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။

.

ဒီစာလေးဖတ်ပြီးတော့ ကိုယ်ဝန်မရလို့ စိတ်ဓာတ်ကျနေမယ့်အစား ကိုယ်ဝန်ဆောင်လို့ရနိုင်မယ့် နည်းလမ်းကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဘေး‌ထွက်ဆိုးကျိုး (side effects) တွေ၊ risks of IVF တွေလည်းရှိတဲ့အတွက် ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။

References : 📖

(n.d.). IVF. National Health Service. https:// www. nhs. uk /conditions/ivf/

💗 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အခမဲ့ ဆွေးနွေးကုသနိုင်သည့်အပြင်၊ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့်ပါ အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

အကူအညီ လိုအပ်သူများအနေဖြင့် တယ်လီကျန်းမာ၏ messenger သို့ နေ့စဥ် (မနက် ၈ နာရီမှ ည ၁၀ နာရီအကြား) ဆက်သွယ်နိုင်ပါသည်။

❤️ NUG, MOH တယ်လီကျန်းမာ… လူတိုင်းအတွက်ပါ ❤️

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#in_vitro_fertilization

Ministry of Health,
National Unity Government.

Published on: September 4, 2023
Last updated: September 4, 2023