International Day of the Midwife 2022

နိုင်ငံတကာ သားဖွားဆရာမနေ့ ၂၀၂၂ ခုနှစ် (International Day of the Midwife 2022)

(၂၀၂၂) ခုနှစ်၊ မေလ (၅) ရက်နေ့

သားဖွားဆရာမများသည် နိုင်ငံအသီးသီးရှိ မိခင်နှင့် မွေးကင်းစကလေးများကို အဆင့်အတန်းမီ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မရှိမဖြစ် အရေးပါသူများဖြစ်သည်။

လူတိုင်း ပိုမိုကျန်းမာစေရေးအတွက် အာမခံချက်ပေးနိုင်ရန် သားဖွားဆရာမများ၏ အလုပ်လုပ်နိုင်စွမ်းအားတွင် ရင်နှီးမြှုပ်နှံခြင်းသည် အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မေလ (၅) ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာသားဖွားဆရာမနေ့တွင် ထပ်လောင်း တိုက်တွန်းထားပါသည်။

သားဖွားဆရာမများ လေ့ကျင့်ပျိုးထောင်ရာတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် (၂၀၃၅) ခုနှစ်တွင် မိခင်သေနှုန်းနှင့် မွေးကင်းစကလေး သေဆုံးမှုများကို (၃)ပုံ (၂) ပုံအထိ လျှော့ချနိုင်မည့်အပြင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုအားကောင်းလာစေပြီး အလုံးစုံလွှမ်းခြုံ‌သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage – UHC) ရရှိရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

သားဖွားဆရာမများသည် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း နှင့် လုံခြုံစိတ်ချရသော သားဖွားခြင်းလုပ်ငန်းကိုလည်း ကူညီဆောင်ရွက်ပေးပါသည်။

သားဖွားဆရာမများ၏ အလုပ်လုပ်နိုင်စွမ်းအားတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံ၏ ကျန်းမာရေးညွှန်းကိန်းများ တိုးတက်လာမည့်အပြင် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုခြင်းကြောင့် နိုင်ငံ၏ မက်ခရိုစီးပွားရေးတွင် ထိရောက်သော တိုးတက်မှုများ ရရှိနိုင်ပါသည်။

သားဖွားဆရာမများ၏ ပညာအရည်အချင်းနှင့် လေ့ကျင့်သင်ကြားမှုတို့ကို မြှင့်တင်ခြင်းဖြင့် မိခင် နှင့် မွေးကင်းစကလေးသေနှုန်းကို သိသာစွာလျော့ကျစေနိုင်ပြီး ကလေးမွေးဖွားပြီး ကလေး၏ ပထမဆုံး (၅) နှစ်အတွင်းတွင် ကောင်းမွန်သောအတွေ့အကြုံများရရှိနိုင်ရန်ကိုလည်း အထောက်အကူပြုနိုင်ပါ သည်။

အရည်အချင်းပြည့်ဝသော သားဖွားဆရာမများသည် မျိုးဆက်ပွားကျန်းမာရေး၊ မိခင်နှင့် မွေးစကလေးကျန်းမာရေးနှင့် ဆယ်ကျော်သက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကောင်းမွန်စွာ ပါဝင်ဆောင်ရွက်ပေးနိုင်ပါသည်။

အစိုးရများအနေဖြင့် သားဖွားဆရာမများ၏ အခန်းကဏ္ဍကို တည့်မတ်ကာကွယ်မြှင့်တင်ပေးခြင်းအားဖြင့် အမျိုးသမီးများသည် အရည်အသွေးပြည့်မီသော မျိုးဆက်ပွားကျန်မာရေးစောင့်ရှောက်မှုများနှင့် အခွင့်အရေးများကို ပိုမိုရရှိ ခံစားရမည်ဖြစ်သည်။

သားဖွားဆရာမများ၏ စွမ်းဆောင်ရည်များကို ချီးမြှောက်အသိအမှတ်ပြုပြီး ၎င်းတို့၏ အခန်းကဏ္ဍ တိုးတက်မြင့်မားလာစေရေးအတွက် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ကြပါစို့။

ကိုးကား
1) https://bit.ly/3w67SoH
2) https://idm2022.com/

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

Published on: 5 May 2022
Last Updated: 5 May 2022