International Epilepsy Day 2023 (13 Feb 2023)

အပြည်ပြည်ဆိုင်ရာ အတက်ရောဂါနေ့ ၂၀၂၃ ခုနှစ်
International Epilepsy Day 2023 (13 Feb 2023)

ENDSTIGMA

ခွဲခြားဆက်ဆံမှုတွေရပ်

အပြည်ပြည်ဆိုင်ရာ အတက်ရောဂါနေ့ကို အပြည်ပြည်ဆိုင်ရာ အတက်ရောဂါဗျူရို (IBE) နှင့် အတက်ရောဂါ တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ် (ILAE) တို့က ကြီးမှူး၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး အတက်ရောဂါအကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူတစ်ဦးချင်း၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအပေါ် အတက်ရောဂါ၏ သက်ရောက်မှု အကြောင်းတို့ကို အသိပညာပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

အတက်ရောဂါသည် ရောဂါဖြစ်ပွားသူ၏ ဘဝစာမျက်နှာတိုင်းကို သက်ရောက်မှုရှိစေပါသည်။ အတက်ရောဂါရှိသူများတွင် ရောဂါထက် ခွဲခြားဆက်ဆံခံရမူကို ရင်ဆိုင်ဖြေရှင်းရန်က ပို၍ ခက်ခဲပါသည်။

အထင်မှား၊ အမြင်မှား၊ ယူဆချက်အမှားများသည် အတက်ရောဂါ ဝေဒနာရှင်များကို ခွဲခြားဆက်ဆံရန် မကြာခဏ တွန်းအားပေးလျက်ရှိပါသည်။ ဥပမာအားဖြင့် လူအများစုသည် အတက်ရောဂါအား စိတ်ကျန်းမာရေးပြဿနာ၊ လူတစ်ဦး၏ နိစ္စဓူဝလုပ်ငန်းဆောင်တာများကို နှောင့်နှေးစေသည်၊ ကူးစက်တတ်သည့် ရောဂါ စသဖြင့် ယူဆနေကြပါသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ အတက်ရောဂါနေ့ လှုပ်ရှားမှုသည် ဤအထင်အမြင် လွဲမှားမူများကို ဖယ်ရှားပစ်ရန် ဖြစ်ပါသည်။ အတက်ရောဂါအကြောင်း အချက်အလက်များကို မျှဝေခြင်း၊ ပညာပေးခြင်းဖြင့် မိမိတို့ကိုယ်တိုင်အပါအဝင် လူအများ၏ အထင်အမြင် လွဲမှားမှုများကို တိုက်ထုတ်ရန် ဖြစ်ပါသည်။

သို့မှသာ အတက်ရောဂါရှိသူများ ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး အခြားသူများကဲ့သို့ တန်းတူ အခွင့်အရေးများ ရရှိစေနိုင်မည် ဖြစ်ပါသည်။

ENDSTIGMA

ခွဲခြားဆက်ဆံမှုတွေရပ်

Source: https:// internationalepilepsyday. org/

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

nugmoh #InternationalEpilepsyDay #IED #epilepsy #epilepsyday #EpilepsyIs

Ministry of Health,

National Unity Government.

Published on: 13 February 2023
Last Updated: 13 February 2023