COVID-19 Telegram Bot မိတ်ဆက်

* COVID-19 Telegram Bot မိတ်ဆက် (30-8-2021) *
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ COVID-19 Telegram Channel ဆေးခန်းများတွင် COVID-19 လူနာများ အခမဲ့ကုသမှုခံယူရာ၌ လွယ်ကူအဆင်ပြေစေရန် “တယ်လီကျန်းမာ COVID-19 Telegram Bot” ကို (၃၁-၈-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ 

လူနာများသည် အောက်ပါ “တယ်လီကျန်းမာ COVID-19 Telegram Bot” Link ကို နှိပ်၍ မိမိတို့၏ ကွန်ပျူတာ/ဖုန်း/တက်ဘလက်ထဲရှိ Telegram Application မှတစ်ဆင့် ဝင်ရောက်ပြသရမည်ဖြစ်ပါသည်
https://t.me/COVID19TELEMM_BOT

လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပြီးလျှင် “တယ်လီကျန်းမာ COVID-19 Telegram Bot” က COVID-19 လူနာများကို သက်ဆိုင်ရာ COVID-19 Telegram Channel ဆေးခန်းများသို့ ဆက်လက် ညွှန်းပို့ပေးမည် ဖြစ်ပါသည်။ လူနာများသည် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၈) နာရီမှ ည (၈) နာရီအထိ COVID-19 Telegram Channel ဆေးခန်းများတွင် အခမဲ့ တိုင်ပင်ကုသနိုင်မည်ဖြစ်ပါသည်။

COVID-19 Telegram Channel ဆေးခန်းများရှိ တာဝန်ကျဆေးပညာရှင် (၄၀၀) ကျော်က COVID-19 လူနာများကို ကြည့်ရှုကုသပေးလျက်ရှိပါသည်။ အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသရန် လိုအပ်သော လူနာများကို အထူးကုရောဂါအမျိုးအစား (၁၂) မျိုးကျော်ကို တိုင်ပင်ကုသပေးမည့် တယ်လီကျန်းမာ အထူးကုဆေးခန်း (၁၂) ခန်းတွင် အထူးကုရောဂါအမျိုးအစားအလိုက် ဆက်လက်ကုသမှုခံယူနိုင်ရန် စီစဉ်ထားရှိပါသည်။

NUG, MOH ၏ တယ်လီကျန်းမာ COVID-19 Telegram Channel ဆေးခန်းများ စတင်ခဲ့သည့် (၁၆-၇-၂၀၂၁) ရက်နေ့မှ (၃၀-၈-၂၀၂၁) ရက်နေ့အထိ COVID-19 လူနာပေါင်း (၆၃,၀၄၂) ဦးကို အခမဲ့ ကုသမှုပေးနိုင်ခဲ့ပါသည်။

COVID-19 ရောဂါ မဟုတ်သော အခြားလူနာများသည် ယခင်ကြော်ငြာထားသည့်အတိုင်း ပုံမှန်တယ်လီကျန်းမာဆေးခန်း (https://doxy.me/telehealthmm) တွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ တန်းစီစောင့်ဆိုင်း၍ အခမဲ့ ကုသမှုခံယူနိုင်ကြပါသည်။

“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”

Ministry of Health,

National Unity Government.

Published on: 30 August 2021
Last Updated: 30 August 2021