“Jock Itch/ Tinea Cruris” (October 2023)

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris)

Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ ပူလောင်ပြီး ယားယံတဲ့ အနီရောင်အစက်တွေ ဖြစ်လာတတ်ပါတယ်။

Jock itch ကို ဆေးပညာမှာ Tinea Cruris လို့လည်း ခေါ်ဆိုပြီး ဒီအရေပြားပြဿနာဟာ အားကစားသမားတွေမှာ အတွေ့ရများတဲ့အတွက် Jock (အားကစားသမား) itch (ယားယံမှု) ဆိုတဲ့ အသုံးအနှုန်း ဖြစ်လာတာပါ။

Jock itch ဖြစ်တဲ့နေရာမှာ အရေပြားခြောက်သွေ့ပြီး အက်ကွဲတာ၊ အရည်ကြည်ဖုထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။

Jock itch က အမျိုးသားတွေမှာ ပိုဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးတွေမှာ အဖြစ်နည်းပါတယ်။ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

🔺Jock itch မှာ ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရလဲ

Jock itch က ပူလောင်ပြီး ယားယံတတ်ပါတယ်။

အရေပြားနီမြန်းပြီး ရောင်ရမ်းတတ်ပါတယ်။

အရေပြားအလွှာ ကွာကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။

🔺Jock itch က ကူးစက်နိုင်လား

Jock itch က ကူးစက်တတ်ပါတယ်။

အရေပြားချင်းထိတွေ့ခြင်း (သို့မဟုတ်) jock itch ဖြစ်နေတဲ့ မျက်နှာပြင်ကို ထိတွေ့ခြင်းကြောင့် ကူးစက်နိုင်ပါတယ်။

Jock itch ဟာ လိင်မှတဆင့်လည်း ကူးစက်နိုင်ပါတယ်။

Jock itch ဖြစ်စေတဲ့ မှိုဟာ အရေပြားပေါ် မှာ ပေါက်ဖွားတာဖြစ်ပြီး မှိုရဲ့သဘာဝအတိုင်း ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးထွားလေ့ ရှိပါတယ်။

တင်းကျပ်တဲ့ အတွင်းခံ (သို့မဟုတ်) ဘောင်းဘီတွေက အပူအောင်းပြီး ပေါင်ခြံနေရာမှာ စိုထိုင်းစေကာ jock itch ကို အလွယ်တကူ ​ဖြစ်စေတာပါ။

🔹Jock Itch ကို ဘယ်လို ကုသမလဲ

Jock itch က ဆေးကုသမှု လိုအပ်ပါတယ်။ မကုသဘဲထားရင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေနဲ့ ထိတွေ့တဲ့အခါ (ဥပမာ–ခြေသည်းလက်သည်းနဲ့ ခြေထောက်၊ လက်တွေ) ကို ကူးစက်သွားနိုင်ပါတယ်။

Jock itch အတွက် မှိုပိုးသတ်ဆေး လိမ်းဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ လိမ်းရမှာပါ။ တချို့လည်း မှိုပိုးသတ်ဆေး သောက်ဆေးသောက်ရပါတယ်။

လိမ်းဆေးလိမ်းတဲ့အခါ အချိန်မှန်လိမ်းဖို့ လိုအပ်ပြီး ဆေးပတ်မလည်ရင် ပြန်ဖြစ်တတ်ခါ ကုသရ ပိုခက်သွားပါတယ်။

🔹Jock itch ရဲ့လက္ခဏာတွေ သက်သာအောင် ဘယ်လိုလုပ်မလဲ

– ပေါင်ခြံနေရာကို ခြောက်သွေ့ပြီး သန့်ရှင်းအောင် ထားပါ။

– တင်းကျပ်တဲ့ အတွင်းခံ (သို့မဟုတ်) ဘောင်းဘီ ဝတ်ခြင်းကို ရှောင်ကြဥ်ပါ။

– ပေါင်ခြံနေရာကို ကုတ်ခြစ်ခြင်းက လက်မှတစ်ဆင့် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကိုပါ မှိုစွဲစေတတ်လို့ ပေါင်ခြံကို မကုတ်ခြစ်ပါနဲ့။

Reference : 📖

https:// my. clevelandclinic. org /health/diseases/22141-jock-itch-tinea-cruris

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#jock_itch#tinea_cruris

Ministry of Health,
National Unity Government.

Published on: October 22, 2023
Last updated: October 22, 2023