Ko Bo K and DHF ( July, 2022)

” ကိုဘိုကေနဲ့သွေးလွန်တုပ်ကွေး “

နေကပူလာလိုက် အုံ့ဆိုင်းပြီးမိုးကြီးမှိုင်းလာလိုက်

အမျိုးမျိုးဖြစ်ပျက်နေတဲ့ ရာသီဉတုကိုကြည့်ပြီး ကိုဘိုကေတယောက် အိမ်ရှေ့ခါးထောက်ရပ်ကာ “အင်း မိုးတွင်းကြီး ခုလို နေပူလိုက် မိုးရွာလိုက် ဖြစ်နေလို့ကတော့ လူတွေလည်း ပူလိုက် အေးလိုက်နဲ့ ရေဝေးတန်းစီနေရအုံးမယ်”

ဟုတ်တယ်လေ

အာဏာသိမ်းခံရပြီး ရန်ကုန်မှာ ကိုဗစ် တတိယလှိုင်းအတွင်း ဘာစောင့်ရှောက်မှုမှမရတော့ တရက်တည်း လူတွေဆုံးတာ ထောင်ကျော်ခဲ့တယ်။ ဒုက္ခသုခတွေ အထပ်ထပ်ကြားထဲ ဘေးအန္တရာယ် ရာသီဉတုကြားမှာ ဒုက္ခပေါ် ဒုက္ခဆင့်မှာစိုးလို့ပါ။

ထားပါလေ ဖြစ်ပြီးခဲ့တာတွေအတွက် ဝမ်းနည်းနေလို့မပြီးသေးဘူး…..

တွေးလက်စ အတွေးဖြတ်ကာ ကိုဘိုကေတယောက် မိန်းမအလုပ် သွားတုန်း မြို့ထဲဘက် ထွက်မလား စဉ်းစားမိတယ်။

အာဏာသိမ်းခံရပြီး သွားရေးလာရေးကလဲ ဘေးကင်းလုံခြုံမှုကမရှိ။

ရောဂါဘယ၊ ငွေကြေး၊ ရာသီဥတု အို စုံနေတာပဲ…. ဟိုဟာတွေက စစ်လားဆေးလား လုပ်တာတွေကလည်း ရှိသေးဆိုတော့…

မြို့ထဲမထွက်တာလည်းကြာ သူငယ်ချင်းတွေနဲ့မဆုံတာလည်းကြာတော့ ခြံတံခါး အိမ်တံခါးတွေ သော့ပိတ်ကာ လိုင်းကားစီးဖို့ မှတ်တိုင်ရှိရာ လမ်းလျှောက် ထွက်ခဲ့လိုက်တယ်။

——————————-။——————————-

ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ မိုးတွေရွာသွန်းနေတဲ့ကြားက လှုပ်ရှားရုန်းကန်နေကြ ရတဲ့ မြင်ကွင်းတွေ ခဏဖယ်ရင်း….

တိုတိုပြောရရင် မြို့ထဲရောက် သူငယ်ချင်းတွေနဲ့ ထိုင်နေကြ လက်ဖက်ရည်ဆိုင်ဆီကို ကိုဘိုကေ တယောက် သွက်သွက်ကလေးလျှောက်သွားလိုက်တယ်။

စိတ်ထဲမှလည်း မိုးရေတဖွဲဖွဲအောက်မှာ တိတ်ဆိတ်နေတဲ့ရန်ကုန်မြို့ကြီး ဆိုပြီးတွေးမိသွားတယ်။ ရန်ကုန်မြို့ဆိုတာ ဥတုသုံးခုစလုံး အမြဲအသက်ဝင်လှုပ်ရှားနေတဲ့ မြို့ကြီးဆိုတော့……

ဪ ……ဒဏ်ရာတွေ ဒဏ်ရာတွေ

————————–။————————-

“လာကွာ ခုပဲ မင်းအကြောင်းပြောနေကြတာ” သူငယ်ချင်းက ခုံလှမ်းထိုးပြရင်းကြိုတယ်။

“အကောင်းရော ဟုတ်ရဲ့လားကွ ငါ့ အကြောင်းပြောနေတယ်ဆိုတော့”

“ဘာသောက်မလဲ ဉီးလေး”

“ကျစိမ့်တခွက်”

“ဒီလိုကွ”

စန်းဦးဘက်လက်ညှိုးထိုးရင်း

“စန်းဦးသမီးအငယ်ဆုံးလေးက ဖျားလိုက်ကိုယ်ပူကျလိုက် ဖြစ်ဖြစ်နေလို့တဲ့ဟ”

“အဲဒါ ဟိုစပ်စပ် ဒီစပ်စပ်ရှိတဲ့ မင်းကိုလှမ်းပြီး တိုင်ပင်ကူညီခိုင်းမလို့…. ခုပဲ မင်းဖုန်းဆက် တော့မလို့”

“မင်းတို့က ဒါမျိုးဆိုဖြစ်ရမယ်။ အေး စန်းဦး မင်းသမီးအငယ်ဆုံးလေးက အသက်ဘယ် လောက်ရှိပြီလဲ”

“ငါးနှစ်မပြည့်သေးဘူး”

“ဖျားပြီး အန်တာတွေ ဘာတွေဖြစ်သေးလား”

“အန်တော့ မအန်ဘူးသယ်ရင်း”

“အေးပါ ငါက ကလေးသွေးလွန်တုပ်ကွေး ဖြစ်မှာစိုးလို့”

စန်းဉီးက လက်ကျန်လက်ဖက်ရည်ခွက်ကို ကောက်မော့ရင်း

“ငါလည်း အဲဒါဖြစ်မှာစိုးနေတာ အကြီးလေးနှစ်ကောင်တုန်းကလည်း ဖြစ်ဖူးလို့ကွ”

“သွေးလွန်တုပ်ကွေးရဲ့အဓိကလက္ခဏာတွေကတော့ကွာ ဗိုက်အရမ်းနာတာ၊ အသက် ရှုမြန်တာ၊ ကော်ဖီရောင်အန်တာ၊ အဆက်မပြတ်အန်တာ၊ သွားဖုံးသွေးယိုတာတွေ ဖြစ်တယ် ပေါ့ကွာ”

“နောက်ပြီး အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်း အဖြစ်များတယ်… အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလည်း အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာတယ် ။ ရောဂါဖြစ်စေတာကတော့ ခြင်ကိုက်ခံရလို့ဟေ့ ကဲ ဘာသိချင်သေးလဲ”

“ရပါပြီကွာ ကျေးဇူး ဒါနဲ့နေပါဦးကွ မင်းက ကလေးမရှိဘဲ လင်မယားနှစ်ယောက်တည်းနဲ့ ကလေးကိစ္စတွေ မင်း ဘယ်က ကျက်လာ အဲလေ သိထားတာလဲ”

“ငါလည်း အစကမသိဘူးဟ။ ခု အွန်လိုင်းမှာ တယ်လီကျန်းမာ ပေ့ကနေတင်တဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတပိုစ့်တွေဖတ်ထားရင်း မင်းတို့ကို ပြန်အာချောင်ရတာပေါ့ကွ ဟားဟား”

“တလက်စတည်း မင့်သမီးဖျားတာလည်း အဲဒီပေ့က ကလေးအထူးကု ဆရာဝန်တွေနဲ့ ပြပေးဖို့ လိုအပ်တာတွေ ကုသပေးဖို့လုပ်ပေးပါ့မယ်”

“မင်းပြောတဲ့ အွန်လိုင်းကုသမှုဆိုပေမယ့် ဒီကာလမှာ ငါသိပ်ပြေလည်တာမဟုတ်ဘူးနော် သယ်ရင်း”

“တပြားမှ မကုန်ဘူး။ အင်တာနက်ရှိရုံ ဖေ့ဘုတ်အကောင့်ရယ်၊ တယ်လီဂရမ် အကောင့် ရယ် ရှိရင်ရပြီ”

“ လုပ်ရမယ့်နည်းလမ်းတွေက ?….”

“တယ်လီကျန်းမာပေ့ကို Like လုပ် ပြီးရင် Hi လိုက် အမည် အသက်ပြောပြီး လူနာပြသလိုကြောင်း ပြောပြရင် ID နံပတ်ပေးလိမ့်မယ်။ မင်းကလေးကျတော့ ချက်ချင်းဆေးခန်းပြရန် တယ်လီဂရမ် လင့်လေး နှိပ်ပြီး သွားလိုက်ရုံပဲ”

“လုပ်မယ် သူငယ်ချင်းရေ အိမ်ရောက်တာနဲ့ မိန်းမနဲ့တိုင်ပင်ပြီး မင်းပြောတာတွေ အကုန် လုပ်လိုက်မယ်…..ကျေးဇူး ကျေးဇူး”

“ဒီတိုင်းရမလားဟ ဒီနေ့မင်းငါ့တီးဖိုး ပေးလိုက်”

“ဟိုက်”

The End

Ministry of Health,

National Unity Government.

  Published on: 18 July 2022
Last Updated: 18 July 2022