အပိုင်း (၄)
” ကိုဘိုကေနဲ့ မျောက်ကျောက်တဲ့ဟေ့ “
ဇူလိုင်လရဲ့ မနက်ခင်းတစ်ခု…
ကုမ္ပဏီပိတ်တော့ မဒမ်ကေ ပါ အိမ်မှာရှိနေသည်……
မိုးအေးအေးနဲ့အိမ်မှာ ကိုဘိုကေတယောက် ကော်ဖီလေးဖျော်ကာ နှပ်မယ် စိတ်ကူးနဲ့ ရေနွေးအိုးတည်နေတုန်း နောက်ကနေ မဒမ့်ကေအသံကြောင့် ကျောတွန့်သွားပါတော့တယ်…..
“ငါးပါးတော့ မှောက်ကုန်ပြီထင်တယ် ယောက်ျားရေ”
“ဟ..ဘာဖြစ်ပြန်ပြီတုန်း. ရုံးပိတ်ရက် နားနားနေနေ နေပါကွာ…”
“နေလို့မရဘူး ရှင်ရေ.. နေလို့မရဘူး ….မနေ့ညက အိပ်မပျော်တာနဲ့လိုင်းဖွင့်သုံးတာ…..”
“လိုရင်းပြောပါ မိန်းမရာ ဘာထူးလို့တုန်း”
“WH0 က မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေအဖြစ် တစ်နေ့က ကြေညာလိုက်ပြီတဲ့ရှင်.. ကွန်ဖန်း ကွန်ဖန်း”
သတင်းမှန်ကန်ကြောင်း မဒမ်ကေက အတည်ပြုရင်း ဆက်ပြီး
“နိုင်ငံပေါင်း ၇၅ နိုင်ငံကူးစက်ခံနေရပြီး လက်ရှိ ၅ ဦး သေဆုံးထားတယ်တဲ့ရှင်”
“အဆိုးဆုံးကတော့ ခန္ဓာကိုယ်မှာ အဖုအပိန့် ထွက်နေတဲ့ပုံတွေနဲ့ တက်လာတော့ ကျမဖြင့် ညက ပိုတောင်အိပ်မရ ဖြစ်ရော”
“ငါလည်း သိပြီးပါပြီကွ.. ပထမတော့ မင်းလို ကြောက်မိလိုက်တယ်….မကြောက်လို့လည်း မဖြစ်ဘူး..ကိုဗစ် တတိယလှိုင်းလို ကုသရေးစင်တာတွေ ဆရာ၀န်တွေလည်း.. မရှိ….သေလုမတတ်ဖြစ်ခဲ့ကြတာ ငါတို့ အသိဆုံးဆိုတော့လေ”
“ဒါပေမယ့် အရမ်းကာရော ကြောက်ပြီးနေလို့လည်း မဖြစ်ဘူးကွ”
“ရှင့်ဟာက ဟိုမင်းသမီးလို..မမဘာဆိုလား ..မကြောက်နဲ့လည်းပြောသေး.. ကြောက်ခိုင်းပြန်ပြီ..”
“ဒီလိုကွ…မကြောက်နဲ့ဆိုတာ…ဖြစ်လာခဲ့ရင်…ဖြစ်လာရင်…မတုန်လှုပ်ဘဲ… တည်တည်ငြိမ်ငြိမ်နဲ့ ကျန်းမာရေးဆွေးနွေး.. ကုသမှုတွေ ဘယ်လိုလုပ်ဆောင်ရမယ်..ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေ လေ့လာထားပြီး ကုသမယ်ဆိုရင် ကြောက်စရာ မရှိဘူးပေါ့ကွာ….”
“ကြောက်ရမယ်ဆိုတာက မျောက်ကျောက် Monkeypox ရောဂါကူးစက်နိုင်ခြေရှိတဲ့ အချက်အလက်တွေကို ပေါ့ပေါ့ဆဆ …သတိမမူနေထိုင်မယ်ဆိုရင် ကူးစက်ခံရပြီး အသက်အန္တရာယ် ဆုံးရှုံးနိုင်တယ်ပေါ့ကွာ…ဒါကြောင့် မကြောက်ဘဲနေလို့ မရဘူး ပြောတာ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ…ကာကွယ်ရမယ့် နည်းလမ်းတွေကရော………………”
“မျောက်ကျောက်ရောဂါ Monkeypox လက္ခဏာ ကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမယ်..လက်ကို ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်နဲ့ အသုံးပြု စနစ်တကျဆေးကြောရမယ်.. ပါးစပ်နဲ့ နှာခေါင်းစည်း (Mask)ကို မှန်မှန် ကန်ကန်တပ်ဆင်ရမယ်..တဉီးနဲ့တဉီး ခပ်ခွာခွာနေရ မယ်…ဆိုရှယ်ဒစ်စတန်းနင်းပေါ့ကွာ…အသားစိမ်းများကို ကျက်အောင် ချက်စားပြီး တောရိုင်းတိရိစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်း မလုပ်ရဘူး…ကျန်တာ တော်တော်များများက အတတ်နိုင်ဆုံး ကိုဗစ်ကာလတုန်းကလို နေထိုင်သွားရင် ရပါတယ်ကွ…”
“အသေးစိတ်သိချင်ရင်တော့ ဆရာ၀န်တွေရှင်းပြမယ့် တယ်လီကျန်းမာမှာပဲ မျောက်ကျောက်နဲ့ပတ်သက်ပြီး တင်ထားတာ တွေရှိတယ်…ဆရာ၀န်တွေပြောတာဆိုတော့ ပိုအချက်အလက်ပြည့်စုံတယ်..သွားဖတ်ကြည့် မိန်းမ”
“အော်… ရှင်ပြောတော့လည်း ပေါ့ပေါ့ပါးပါး……ကျမကတော့ မျောက်ကျောက်ဆိုတဲ့ ရုပ်ဆိုးဆိုးရောဂါကြီးတော့ ကြောက် တယ်ရှင်”
” အခုပဲ ဖတ်ကြည့်လိုက်တော့မယ် “
The End
မျောက်ကျောက်ရောဂါအကြောင်း ဖတ်ရှုလေ့လာနိုင်ရန်



https://www.facebook.com/101009128903034/posts/305469518456993/
https://www.facebook.com/101009128903034/posts/304408385229773/
Ministry of Health,
National Unity Government.

Published on: 26 July 2022
Last Updated: 26 July 2022