” ကိုဘိုကေနဲ့ စပ်ဆေးသောက်ရင် အသက်ကလေးပျောက်မယ် “
ညီမဖြစ်သူ မိုးပွင့်နဲ့ ဖုန်းပြောအပြီး ကိုဘိုကေလက်ဖက်ရည်ဆိုင်သွားမလို့ မဒမ်ကေ့ကို ဘယ်လို လမ်းရှာရမလဲ အကြံထုတ်ရင်း…
“ယောက်ျားရေ ဖုန်းပြောပြီးပြီလား၊ ပြီးရင် ဟိုဆိုင်မှာ လစာငွေလွှဲလေး ထုတ်ပေးပါဦး။ ရှင်တပြားမှ သုံးဖို့မစဉ်းစားနဲ့နော်။ ဆန်၁၀ပြည်လောက်လဲ ဝယ်ခဲ့ဦး။ သွားရင်လည်း မြန်မြန်သွား မိုးကမည်း တက်နေတာ”
ဘတ်ငွေ ငွေယားကလေးကရှိနေချိန်မို့ ကိုဘိုကေ ငွေလွှဲထုတ် ဆန်ဝယ်ပြီး တီးဆိုင်ဝင်ထိုင်ဖို့ ချိန်ဆရင်း
“အေး အေး သွားထုတ်ပြီးဝယ်ခဲ့မယ်။ ပက်စဝက်က မင်းမှတ်ပုံတင်နံပတ်ပဲ မဟုတ်လား။ ဆန်က ၁၀ပြည်နော်။ ရွာလည်း ထီးယူသွားမယ်”
“သွားပြီဟေ့ မိန်းမ”
“ကြွ ကြွ”
ထုတ်နေကြဆိုင်မှ ငွေလွှဲလေးထုတ်၊ ဆန်ဝယ်ပြီးတော့ ကယ်ရီယာနောက်မှာ ဆန်အိတ်ကို ကြိုးတုပ် တင်ကာ လက်ဖက်ရည်သောက်ရန် ချီတက်လေတော့သည်။
ဆိုင်ထဲကို ဝင်လိုက်တော့ ထိုင်ဖော်ထိုင်ဖက် မဲလုံးတယောက် ပိုက်ဆံရှင်းမလို့ လုပ်နေတာနဲ့ ကြုံ တယ်။
“ဟ နေပါဦးဟ၊ ခဏထိုင်ဦး ငါလည်း အမြန်သောက်ပြီးခဏနေထမှာ။ မင်းက ဘယ်လိုတွေဖြစ်လို့ စောစောစီးစီးပြန်ရတာတုန်း၊ ဧကန္တ မင်းမားသားကြီး ဟင်းကောင်းချက်ထားလို့လား”
“မဟုတ်ပါဘူးဗျ၊ ထိုင်ပါ ကျနော်စောင့်ပါ့မယ်။ ဒီလိုဗျ၊ အိမ်ကတူမတော် မနေ့က စပ်ဆေးသောက် ပြီး အော့အန်ထားလို့ အခြေအနေပြန်ကြည့်မလို့။ ဆေးခန်းပို့ ဘာပို့ဆိုရင် ကျနော်ရှိမှ၊ သူ့အဖေက မနက်က အလုပ်ကိစ္စနဲ့ အရေးပေါ် အစောကြီးထွက်သွားတာဆိုတော့ အမေနဲ့အမကလည်း သိတဲ့ အတိုင်း အရေးအကြောင်းဆို ပူတာကလွဲပြီး ဘာမှမလုပ်တတ်ဘူး”
“ဆေးခန်းရော ပြထားလား”
“ရပ်ကွက်ထဲက ဆေးခန်းမှာ ပြတယ်။ဆရာဝန်က အမကိုဆူလိုက်တာဆိုတာ၊ အချိန်မှီလို့ တော် သေးတာပေါ့တဲ့၊ စပ်ဆေးအန္တရာယ် အကြောင်းတွေလည်း ပြောပြပြီး ဖျားနာလို့ ဆေးသောက်မယ် ဆိုရင်တောင် ရောဂါအခြေအနေအရ ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးသာသောက်ရမယ်လို့ မှာ လိုက်တယ်တဲ့”
ကိုဘိုကေ ခေါင်းညိမ့်ထောက်ခံပြီး
“ဟုတ်တယ် မဲလုံးရ စပ်ဆေးက ကြောက်ဖို့ကောင်းတယ်၊ ဆေးမတိုးတော့တာတို့ ဘာတို့ဖြစ်ပြီး အသက်အန္တရာယ်ပါ ဒုက္ခပေးနိုင်တယ်လို့ ငါ တယ်လီကျန်းမာပေ့မှာ ဖတ်ဖူးလိုက်တယ်”။
“အကိုပြောမှ ကျနော်တခုမေးမလို့ သတိရသွားတယ်”
“အေး ပြောလေ”
“ဒီလိုပေါ့ဗျာ ဆရာဝန်က မှာလိုက်တယ်၊ စပ်ဆေးမသောက်နဲ့၊ ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သောက်ပါဆိုတော့ ကျနော်တို့က နှာစေး ခေါင်းကိုက် လည်ချောင်းနာဖြစ်တာလေးနဲ့တော့ ဆေးခန်း ဘယ်သွားချင်မလဲ မဖြစ်မနေ ကိုယ်သောက်မယ့်ဆေးလေးနဲ့ ဆရာဝန်သွားပြတော့…ပြသခရော ထပ်ကုန်မနေဘူးလား ”
“လိုရင်းနဲ့ တိုရှင်းပြောရရင် မင်းပြောတဲ့ ဆရာဝန် တိုင်ပင်ပါဆိုတာက ခေတ်ကောင်းရင်တော့ ပြည်သူ့ဆေးခန်းဆေးရုံနဲ့ ကျန်းမာရေး စင်တာလိုမျိုးတွေမှာ ကျနော်ဖျားနာနေလို့ ဘာဖြစ်နေလို့ ပါဆိုပြီး တိုင်ပင်ပြသပြီးမှ ဆရာဝန်တွေက ဒါ…ဒါတွေက ဆေးထိုးဖို့မလိုဘူး.. ဆေးသောက်ရမယ် ဆို ဘယ်လိုဆေးကိုဘယ်အချိန်မှာသောက်ရမယ် ဒါမှ မှန်ကန်တဲ့ကုသမှုနဲ့ စပ်ဆေးအန္တရာယ်က လွတ်ကင်းမယ်…
…..
ပြောချင်တာက ခုမှရောက်တယ်.. ခုခေတ်ပျက်နေတဲ့အချိန် အဲ့ဒီကုသမှုတွေကို အွန်လိုင်းက အခမဲ့ ကုသဆွေးနွေးလို့ရတဲ့ တယ်လီကျန်းမာ ပေ့ရှိတယ်..အဲ့ဒီမှာပြသပြီး ဆေးဝယ်သောက်ဆိုလည်းဘေးကင်းတာပေါ့ကွာ…မဟုတ်ရင် စပ်ဆေးသောက်ပြီး အသက်ကလေးပျောက် မယ်ဟေ့….မဲလုံးရေ”
“အေးဗျာ ဒီနေ့ ခများနဲ့ တွေ့လိုက်ရတာ ရှင်းသွားပြီ.. တူမကိစ္စပြီးမှ ကျနော်လည်း မတည့်တဲ့ ဆေးရှိတယ်. .အဲ့ဒါ သွားပြီး မေးမြန်းကြည့်ဉီးမှပါ..ကဲ လစ်ကြဉီးစို့ဗျ..နောက်ရက်မှ အေးဆေး ဆုံမယ်”
The End
………………………
Ministry of Health,
National Unity Government.
Published on: 29 August 2022
Last Updated: 29 August 2022