အများပြည်သူများ လွယ်လင့်တကူ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်စေရန်အတွက် တယ်လီကျန်းမာမိသားစုက အောက်ဖော်ပြပါ အခမဲ့အွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) များကို ဖွင့်လှစ်ထားရှိပေးထားပါသည်။
(၁) အထွေထွေရောဂါကုများဆေးခန်း
(၂) အထူးကုဆေးခန်းများ
(၃) COVID-19 သီးသန့်ဆေးခန်း
အထွေထွေရောဂါကုဆေးခန်းများတွင်(၁) ကြိုတင်ရက်ချိန်းယူ၍ပြသရသောဆေးခန်း (၂) ကြိုတင်ရက်ချိန်းယူ၍ပြသရသောဆေးခန်း (၃) တန်းစီစနစ်ဖြင့် စောင့်ဆိုင်းပြသရသောဆေးခန်း…..ဟူ၍ (၃) မျိုးရှိပါသည်။
နာတာရှည်ရောဂါများ ( ဥပမာ…နှလုံး ၊ သွေးတိုး ၊ ဆီးချို ၊ ကျောက်ကပ် ၊ အာရုံကြော ၊ အဆစ်အမြစ် ) ဝေဒနာရှင်များ အနေဖြင့် ကြိုတင်ရက်ချိန်း ယူ၍ပြသရသော ဆေးခန်းများတွင် ပြသသင့်ပါသည်။
တယ်လီကျန်းမာ၏ Messenger (m.me/telehealthmm) တွင် ဘိုကင်ယူ၍ မိမိအတွက် သတ်မှတ်ပေးသောအချိန်တွင် အလွယ်တကူဝင်ရောက်ပြသနိုင်ပါသည်။
စောင့်ဆိုင်းရန် မလိုအပ်ပါ
လတ်တလော ရုတ်ချည်းဖြစ်လာသောဝေဒနာများ ( ဥပမာ…ဖျားနာခြင်း ၊ ဝမ်းလျောခြင်း) အတွက် တန်းစီစနစ်ဖြင့် စောင့်ဆိုင်းပြသရသော ဆေးခန်းတွင် ပြသသင့်ပါသည်။ တယ်လီကျန်းမာ၏ Messenger တွင် လူနာအမှတ် ပြုလုပ်ပြီး ဆက်လက်ပြသနိုင်ပါသည်။
* ရှေ့လူနာများ ရှိနေနိုင်သည့်အတွက် စောင့်ဆိုင်းပေးရန် လိုအပ်ပါသည်***
“အထူးကုဆေးခန်းများ” သို့ လူနာမှ တိုက်ရိုက်ပြသ၍ မရပါ။
အထွေထွေရောဂါကုဆေးခန်းများတွင် ဦးစွာပြသပြီး ၊ ရောဂါအခြေအနေအရ အထူးကု နှင့်ပြသရန် လိုအပ်သောလူနာများကို သက်ဆိုင်ရာအထူးကုဆေးခန်းသို့ လွှဲပြောင်း ပေးမည် ဖြစ်ပါသည် ။
ကိုဗစ်လူနာများအနေဖြင့် တယ်လီကျန်းမာ၏ Messenger မှတစ်ဆင့် “COVID-19 သီးသန့်ဆေးခန်း” သို့ တိုက်ရိုက်ပြသနိုင်ပါသည် ။
တယ်လီကျန်းမာဆေးခန်းများကို ပိတ်ရက်မရှိ နေ့စဥ် နံနက် (၈) နာရီမှ ညနေ (၆) နာရီကြား ဖွင့်လှစ်ထားရှိပါသည်။ အခမဲ့ဆေးခန်းများ ဖြစ်ပါသည်။
“”ပြည်သူအပေါင်း ရောဂါကင်းကွာ၍ သက်ရှည်ကျန်းမာကြပါစေ “”
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
Ministry of Health,
National Unity Government.
Published on: 30 October 2021
Last Updated: 30 October 2021