“Low Salt Diet” (In Ethnic Languages) (January 2024)

ဆိုဒီယမ် (သို့) ဆားကို အစားအစာတွေ အရသာရှိစေဖို့နဲ့ အသင့်စားအစားအစာတွေ တာရှည်ခံစေဖို့ အသုံးပြုတတ်ကြပါတယ်။

▫️လူတစ်ယောက်ဟာ တစ်ရက်ကို ဆား စားသုံးမှု (၅) ဂရမ် (လက်ဖက်စားဇွန်း တစ်ဇွန်းခန့်) ထက် မပိုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အကြံပြုထားပါတယ်။

▫️လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ ၉၅ % ခန့်ဟာ နေ့စဥ် ဆား (၆~၁၂) ဂရမ်ခန့် စားသုံးလျက် ရှိနေပြီး အခုလို ဆားစားသုံးမှုများခြင်းဟာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကို ပိုမိုဖြစ်ပွားစေပါတယ်။

ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ ဆိုဒီယမ် သို့မဟုတ် ဆားစားသုံးမှုကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)

#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic

#HealthyHabits#LowSaltDiet

#HealthyChoices#LowSodiumLiving

Ministry of Health,
National Unity Government.

Published on: January 21, 2024
Last updated: January 21, 2024