” မဒမ်ဘိုကေနဲ့ သားအိမ်အလုံးရောဂါ “
တနင်္ဂနွေ ရုံးပိတ်ရက်တရက် …
“ယောကျ်ားရေ ဆန်လေး ၁၀ပြည်လောက် သွားဝယ်ပေးပါဉီး ဒီမှာပိုက်ဆံ….
ဒါနဲ့ ရှင်လက်မောင်းကိုက်နေတာရော သက်သာသွားပြီလား”
မဒမ်ဘိုကေရဲ့စကားသံအဆုံး လက်ထဲကပိုက်ဆံတချို့ကိုလှမ်းယူရင်း
“အေး သက်သာသွားပြီဟ ဆေးခန်းပြလိုက်တာ”
“ရှင်က ဘယ်ကပိုက်ဆံတွေရလို့ ဆေးခန်းတွေ ဘာတွေပြနေတာတုန်း”
“မင်းကလည်းကွာ ငါ့ဆိုမယုံသင်္ကာနဲ့”
ကိုဘိုကေ ပွစိပွစိလုပ်လိုက်တော့ မဒမ်ဘိုကေက
“ပြောမယ့်သာပြောစမ်းပါ လျှာရှည်နေပြန်ပြီ ။ ဆေးခန်းဘယ်လိုပြလဲဆိုတာ”
“ဒီလိုကွ မိန်းမရ….
အွန်လိုင်းမှာ တယ်လီကျန်းမာဆိုတဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ပေ့ချ် ရှိတယ်ကွ။ အဲဒီပေ့မှာ အထွေထွေရောဂါကုဆရာဝန်တွေ အထူးကုသမားတော်ကြီးတွေနဲ့ ကုသပေးနေတာလေ…
…
မင်းအကြားချင်ဆုံးတခုကတော့ ဆေးကုသမှုတွေအားလုံး အခမဲ့ ဟ “
မဒမ်ဘိုကေမျက်လုံးလေး ကလည်ကလည်လုပ်နေရင်း
“ ရှင်ပြောလို့သာ ယုံရတာ ကျမဖြင့် ထူးဆန်းနေသလိုလိုပဲ”
ပြီးတော့မှ သက်ပြင်းတချက် မဒမ်ဘိုကေမှုတ်ထုတ်ရင်း
“ကျမလည်း သားအိမ်အလုံးကိစ္စထပ်ပြချင်သေးတယ်။ အရင် ရှင်အလုပ်ကောင်းနေတုန်းက ပြနေကျ OG ဆရာမကြီးပြောတာ သားအိမ်မှာ အလုံးတည်ချင်သလိုလို ဖြစ်တာကြောင့် သားသမီးရရင် အနည်းနဲ့အများ အန္တရာယ်ရှိတယ် ၊ ခွဲမွေးရနိုင်တယ်ဆိုတော့လေ”
“ပြပေါ့ ငါ့မိန်းမရ၊ တယ်လီကျန်းမာက အမျိုးအစားအလိုက် ဆရာဝန်တွေ၊ အထူးကု တွေနဲ့”
ကိုဘိုကေစကားမဆုံးမီ မဒမ်ကေက စကားဖြတ်ပြောပြန်တယ်။
“ကျမက ရုံးအလုပ်(ကုမ္ပဏီ)က တဖက် ညနေ ရုံးဆင်းချိန်ကျတော့လည်း မှောင်ပြီ ဆိုတော့ ခွင့်ကလည်းယူမရ ငွေမကုန်ဘူးဆိုတာတောင် မဖြစ်လောက်ပါဘူး ယောကျ်ား ရယ်။”
ထင်တလုံးဟန်နဲ့ ကော်လံကို လက်က ကိုင်ထားရင်း ကိုဘိုကေ စကားဆက်ပြောလိုက်တယ်…..
“အဲဒါကြောင့် ယောကျ်ားက မိန်းမအတွက် တယ်လီကျန်းမာ မက်စင်ဂျာမှာ ကြိုမေး ပေးထားပြီးသား။”
“ဟုတ်လား ဘာတွေမေးပေးထားတာလဲ”
“ဪ ငါ့မိန်းမက အလုပ်သွား အလုပ်ပြန်ကြောင့် စနေ၊ တနင်္ဂနွေ တရက်ရက်မှ ပြလို့ရလားဆိုတော့ ရတယ်တဲ့။ ဘွတ်ကင်လေးကြိုယူပြီး လူနာID လေးယူထားပြီး အဲ့ဒီ နေ့ကျမှ ဆွေးနွေးကုသလို့ရတယ်တဲ့….
ပိတ်ရက်မရှိ….နေ့တိုင်း မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ကိုယ့်အချိန်ရောက် ကာနီးမှ လိုင်းလေးဖွင့်ထားလိုက်ရုံပဲ။”
မဒမ်ဘိုကေ ပြုံးပြုံးကြီး စိတ်နဲ့လိုက်မှတ်နေတယ်…….
“မင်းတို့မိန်းမတွေ လိုင်းသုံးပါဆို ဟိုမင်းသမီးအဖမ်းခံရတာ စိတ်ဝင်စားလိုက် အစားတလိုင်းဘာညာ လုပ်နေတာနဲ့”
“ဟုတ်ပါပြီနော်။ အကောင်းပြောနေရာကနေ ဖောက် ဖောက်မလာနဲ့”
မဒမ်ဘိုကေ မျက်စောင်းထိုးတော့
“နေဉီးကွ….
တယ်လီဂရမ် အပလီကေးရှင်း ဒေါင်းလော့လုပ်ပြီး အကောင့်ဖွင့်ထားရဉီးမယ်
လိုင်းလေးကောင်းတုန်း မိန်းမဖုန်းထဲ တယ်လီဂရမ် ဆော့ဝဲ ဒေါင်းထားလိုက်မယ်”
“ယောကျ်ားသဘော
ယောကျ်ားသဘော”
မဒမ်ဘိုကေတယောက်တော့ သူ့ကျန်းမာရေးအတွက် အခမဲ့အွန်လိုင်းဆေးခန်းနဲ့ မိတ်ဆက်ပေးလို့ ကျေးဇူးတွေတင်ပြီး ချစ်လင်တော်မောင်ကို ပြုံးပြုံးကြီးကြည့်နေတော့ တယ်။
The End
ကြိုတင်ဘိုကင်ယူရန်နှင့် စုံစမ်းမေးမြန်းရန်
( မနက် ၈ – ညနေ ၆ ၊ ည ၈ – ၁၀နာရီအတွင်း )
ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက်
( မနက် ၈ – ညနေ ၆နာရီအတွင်း )
Ministry of Health,
National Unity Government.

Published on: 13 July 2022
Last Updated: 13 July 2022