Measles (Video) (January 2024)

မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာ မနက်ဖြန်ဆိုရင် ၃ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီ ၃ နှစ်အတွင်း ပြည်သူလူထုအနေနဲ့ ဒုက္ခမျိုးစုံကို တစ်နေ့မပြတ်ခံစားကြရပါတယ်။ စစ်တပ်အာဏာသိမ်းခြင်းကြောင့် အသက် ၅ နှစ်အောက်ကလေးငယ်များစွာဟာ ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီးကာကွယ်နိုင်တဲ့ ရောဂါတွေကို မကာကွယ်နိုင်တဲ့အပြင် အချို့သောရောဂါတွေဟာ ကပ်အသွင်ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတာတွေ့ရပါတယ်။ ဒီရောဂါတွေထဲမှာ ကူးစက်ပျံ့ပွားလွယ်တဲ့ ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး ရောဂါဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကူးစက်တယ်၊ ဘယ်လိုရောဂါလက္ခဏာတွေပြတတ်တယ်၊ နောက်ဆက်တွဲဘယ်လိုရောဂါတွေဖြစ်နိုင်တယ်၊ ဘယ်လိုကာကွယ်နိုင်တယ် စတဲ့ အရေးကြီးတဲ့အချက်တွေကို မေကံကောင်းက ဝေမျှပေးထားပါတယ်။

Ministry of Health,
National Unity Government.

Published on: January 31, 2024
Last updated: January 31, 2024