၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဩစတေးလျနိုင်ငံ၊ Sydney မြို့၌ မြန်မာဆရာဝန်များ (Medical diasporas) နှင့် တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Sydney မှ မြန်မာဆရာဝန်များ (Medical diasporas) က စစ်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် AUD 80,000 ကျော် ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
Ministry of Health,
National Unity Government.
















Published on: October 25, 2023.
Last updated: October 25, 2023.