လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ဟာ
World Mental Health Day ဖြစ်ပါတယ်။
လူသားတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေအတွက် ရုန်းကန်လှုပ်ရှားကြရင်း သတိမထားမိဘဲ စိတ်ဖိစီးမှုတွေ များပြားလာတတ်ပါတယ်။
ဒီလိုစိတ်ဖိစီးမှုတွေ တဖြည်းဖြည်းများလာတဲ့အခါမှာတော့ ဘယ်အရာကိုမှ မတွေးတောနိုင်တော့ဘဲ နောက်ဆက်တွဲ စိတ်ဓာတ်ကျခြင်းတွေအထိ ဖြစ်လာတတ်ပါတယ်။
ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုသေချာနားလည်ပေးနိုင်ပြီး အကြံပေးနိုင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပေးနိုင်သူ (သို့မဟုတ်) အဖွဲ့အစည်းတွေနဲ့ သေချာစွာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)
(ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… )
#nugmoh#telekyanmar#တယ်လီကျန်းမာ#ethniclanguage#ethnic
#BurnoutAwareness#SelfCareFirst
Ministry of Health,
National Unity Government.










Published on: October 9, 2023
Last updated: October 9, 2023