“တော်လှန်ရေးအမြန်ပြီးဖို့ သက်ဆိုင်သူအားလုံးနဲ့တွေ့မယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြော” (Minister Dr. Zaw Wai Soe: Interview with RFA) (May 2023) (Video)

အမေရိကန်ပြည်ထောင်စုကို မေလ ၁၉ ရက်နေ့က ရောက်ရှိလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့အတွက် အမေရိကန်အစိုးရ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် တွေ့ဆုံသင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။ ဒေါက်တာဇော်ဝေစိုးဟာ NUG ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျယ်လစ်မြို့မှာ ချီးမြှင့်မယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လစ်မြို့ရောက် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက မေလ ၂ဝ ရက်နေ့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

Ministry of Health,
National Unity Government.

Published on: 21 May 2023
Last updated: 21 May 2023