MOH Announcement (7/2022)

The Republic of Union of Myanmar
National Unity Government
Ministry of Health
Announcement (7/2022)
15th June 2022

1. It has been reported that on 10th June 2022 in Yaysagyo Township, Magway Region, the terrorist lackeys of the terrorist military council arbitrarily detained, tortured and burnt 5 people alive. They included Daw Zar Li Naing, a senior nurse who was providing healthcare to the community, headmaster U Win Kyaw, teacher Daw Khin Hnin Wai (who was pregnant), Ma The Ei Ei Win and comrade Wu Khone @ Maung Htay Min Oo from Northern Yesagyo (N – YSO) Guerilla Force. Daw Zar Li Naing, U Win Kyaw and Daw Khin Hnin Wai were members of the Civil Disobedience Movement.

၁။ (၁၀-၆-၂၀၂၂) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်သမားများသည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ အသက် (၂၇) နှစ် အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့် Northern – Yesagyo (N – YSO) ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ (၅) ဦးကို ဖမ်းဆီးသွားပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

2. CDM member and senior nurse Daw Zar Li Naing was not only providing healthcare to the general public but was also one who had boycotted the Nursing Universities organised by the terrorist military council. She was taking the online nursing examination for the Bachelor of Nursing Science (B.N. Sc) (Bridge) (On Campus) held by the Interim University Council of University of Nursing, Mandalay, a university supported by the Ministry of Education, National Unity Government of Myanmar.

၂။ CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်သည် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်သော သူနာပြုတက္ကသိုလ်များကို သပိတ်မှောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်သော သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) တွင် တက်ရောက်သင်ကြား၍ လက်ရှိစစ်ဆေးလျက်ရှိသည့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲတွင် အွန်လိုင်းမှတစ်ဆင့် စာမေးပွဲဖြေဆိုနေသူလည်း ဖြစ်ပါသည်။

3. The Ministry of Health, National Unity Government of Myanmar stands together with and offers our condolences to the families of all those who have fallen.

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ (ကိုယ်ဝန်ဆောင်မိခင်)၊ မသဲအိအိဝင်းနှင့် ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦး အပါအဝင် ကျဆုံးပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

4. The Ministry also vows to seek judicial redress for the lives of those innocent members of the healthcare workers and the general public. We pledge to take the strongest judicial action so that the terrorist military council and those that took part in these atrocities will see justice served on them. We also vow to work together hand in hand with the public and ensure that the military dictatorship is uprooted and strive towards building a Federal Democratic Union.

၄။ ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါသည်။

Ministry of Health,

National Unity Government.

To Download Myanmar Version : Click Here

To Download English Version : Click Here

Published on: 15 June 2022
Last Updated: 15 June 2022