သတိထားစရာ မျောက်ကျောက်ရောဂါ ( May, 2022 )

Monkey Pox ဆိုတဲ့ရောဂါတစ်မျိုး ကူးစက်ပြန့်ပွားနေ ( May, 2022 )

တစ်ကမ္ဘာလုံး ကိုဗစ်လှိုင်းတွေဖြစ်ပြီးနောက်…ယခုရက်ပိုင်းအတွင်း ဥရောပ ၊ အမေရိကနဲ့ သြစတြေးလျတို့မှာ Monkey poxဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

သာမန်အားဖြင့် အာဖရိကနိုင်ငံအများစုမှာသာဖြစ်ပွားလေ့ရှိတဲ့ Monkey poxရောဂါဗိုင်းရပ်စ်ပိုးဟာ မထင်မှတ်ပဲ အခုလို အအေးပိုင်းဒေသတွေမှာပါ ရုတ်တရက်တွေ့ရှိလာတာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားသူ လူနာအများစုဟာ ခရီးသွားရာဇဝင်လည်းမရှိပဲ အလိုလိုကူးစက်ခံခဲ့ရတာကြောင့် အံ့သြထိတ်လန့်ဖွယ် ဖြစ်နေကြတာပါ။

Monkey poxရောဂါဟာ ရေကျောက်ရောဂါနဲ့ဆင်တူပြီး ကူးစက်ခံခဲ့ရရင်…
– ဖျားမယ်
– ခန္ဓာကိုယ်အနှံ့ အနီစက်တွေ၊ အဖုအပိန့်တွေထွက်မယ်
– ညောင်းညာကိုက်ခဲမယ်
– ခေါင်းကိုက်မယ်
– အကြိတ်တွေထွက်မယ်
– ရုတ်တရက် အားနည်းသွားတာမျိုးတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။

ကူးစက်နိုင်ခြေနည်းလမ်းတွေကတော့
– ရောဂါပိုးရှိသူနဲ့ အနီးကပ်အတူနေခဲ့တာ
– နှာချေ ချောင်းဆိုးတာ
– ပိုးရှိသူအသုံးပြုခဲ့တဲ့ပစ္စည်းတွေကတစ်ဆင့် ကူးစက်နိုင်တယ်လို့ WHOက ကြေငြာထားပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ မိမိပတ်ဝန်းကျင်မှာ ဖျားနာကိုက်ခဲပြီး အနီစက်နဲ့ အဖုအပိန့်ထွက်သူများရှိလာခဲ့ရင် မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ ပြသကုသမှု ခံယူနိုင်ကြပါရန်နှင့် မိမိကိုယ်တိုင်လည်း ရောဂါကူးစက်ခြင်းမခံရလေအောင် သတိပြုကာကွယ်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

အသေးစိတ်ဖတ်ရှုရန် 👉👉https://www.who.int/…/disease-outbreak…/item/2022-DON385

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန် ( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်းဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.

  Published on: 23 May 2022
Last Updated: 23 May 2022