လက်ရှိ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေကို တက်ရောက်သင်ကြားခြင်းအားဖြင့် အမှန်တကယ်တန်ဖိုးရှိတဲ့ ပညာတွေကို မည်သည့် နည်းနဲ့မျှ ရရှိနိုင်မှာမဟုတ်ဘူးလို့ NUG အမျိူးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပညာရေးနဲ့ ကျန်းမာရေးအတွက် နိုင်ငံခြားတိုင်းပြည်တွေက ကူညီမယ်လို့ လတ်တလောပြည်ပခရီးစဉ်မှာ ကတိပေးမှုတွေ ရရှိခဲ့ကြောင်းနဲ့ သူတို့ အစိုးရခေါင်းဆောင်တွေဟာ ပြည်တွင်းမှာပဲနေထိုင်ပြီး စစ်အာဏာရှင်စနစ်ဖယ်ရှားရေးအတွက် အချိန်ပြည့်လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ ၂၃ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၃ ဇွန် ၂၀၂၂