𝐑𝐚𝐛𝐢𝐞𝐬 𝐕𝐢𝐫𝐮𝐬 “ခွေးရူးပြန်ခြင်း” ( June, 2022 )

“ခွေးရူးပြန်ခြင်း” 𝐑𝐚𝐛𝐢𝐞𝐬 𝐕𝐢𝐫𝐮𝐬 ( June, 2022 )
===================================
ခွေးရူးပြန်ရောဂါဟာ Rabid (ခွေးရူးရောဂါ စွဲကပ်နေသော) တိရစ္ဆာန်တို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။ မြန်မာပြည်သူများနှင့်လည်း မစိမ်းဘူးထင်ပါတယ်နော်။

ဘယ်တိရစ္ဆာန်တွေကနေ အများဆုံးကူးတတ်လဲ❓

ခွေးရူးပြန်ဆိုတိုင်း ခွေးကနေပဲ ကူးစက်တတ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ လင်းဆွဲ၊ကြွက်၊ ကြောင်၊ ယုန်၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်တွေမှလည်း ခွေးရူးပြန်ရောဂါပိုး ကူးစက်နိုင်ကြောင်း သိထားဖို့ လိုပါတယ်။

လူတွေဆီ ဘယ်လိုကူးလဲ❓

ခွေးရူးပြန်နေတဲ့ တိရစ္ဆာန်ရဲ့ တံတွေး၊ သွားရည်တို့မှ ကူးပါတယ်။ အဓိကအားဖြင့် ကိုက်ခဲလိုက်ချိန်မှာ ကူးတတ်ပြီး မိမိခန္ဓာကိုယ်က ထိခိုက်ရှနာဒဏ်ရာတစ်ခုခုကို အထက်ပါ တံတွေး၊သွားရည်နဲ့ ထိမိရင်လည်း ကူးနိုင်ပါတယ်။

ခွေးရူးရောဂါပိုးသာ ကူးစက်ခံရမယ်ဆိုရင် â“

ခွေးရူးရောဂါပိုးက အကိုက်ခံရတဲ့နေရာက ကြွက်သားတွေဆီမှ အာရုံကြောများကတဆင့် ဦးနှောက်ထဲကို ရောက်ရှိသွားပါမယ်။ ထိုအချိန်မှာ မည်သည့်ရောဂါလက္ခဏာကိုမှ ခံစားရဦးမှာမဟုတ်ပါဘူး။ ကူးစက်ခံရချိန်နဲ့ ရောဂါလက္ခဏာ စတင်ပေါ်လာချိန်ကြား ကာလကို incubation period (ရောဂါပျိုးချိန်)လို့ သတ်မှတ်ပါတယ်။
▪️အကိုက်ခံရသော နေရာမှ ဦးနှောက်ကြား အကွာအဝေး
▪️ရောဂါပိုးအမျိုးအစား
▪️ကိုယ်ခံအား တို့ပေါ်မူတည်ပြီး ရောဂါပျိုးချိန်က ရက်သတ္တပတ်မှ နှစ်ချီ၍ ကြာတတ်ပါတယ်။

ရောဂါပျိုးချိန်အတွင်းမှာ တံတွေးဆီ ရောဂါပိုးမရောက်သေးတဲ့အတွက် အဲအချိန်မှာ ထိုသတ္တဝါရဲ့အကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မကူးစက်နိုင်ပါဘူး။

ရောဂါနှောင်းပိုင်းကာလမှာ ဦးနှောက်ရောင်ရမ်းမှု ဖြစ်လာပြီး ရောဂါပိုးဟာ Salivary Gland မှတဆင့် Saliva (တံတွေး)ဆီ ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကနဦးရောဂါလက္ခဏာများ စတင်ခံစားရပါပြီ။ ၃-၅ ရက်အတွင်းမှာပဲ ခွေးရူးပြန်ခြင်းလက္ခဏာများ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။

ခွေးရူးပြန်ခြင်း လက္ခဏာများ🔻

• အစောပိုင်း â–Şď¸á€Ąá€–á€ťá€Źá€¸á€á€„á€şá€á€źá€„á€şá€¸áŠ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုက်ခံရသောနေရာမှ တဆစ်ဆစ်ကိုက်ခြင်းတို့ကို ရက်အနည်းငယ်ကြာခံစားရတတ်ပါတယ်။

• နှောင်းပိုင်း â–Şď¸á€Ąá€Źá€›á€Żá€śá€‘ွ္ပဟဏးခဟင်း၊ စိုးရိမ်သောကရောက်ခြင်း၊ ဦးနှောက် ချို့ယွင်းခြင်း၊ ဂနာမငြိမ် လှုပ်ရှားခြင်းတို့မှတစ်ဆင့် စိတ်ခြောက်ခြားခြင်း၊ ရေကြောက်ခြင်း၊ အိပ်မပျော်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သွေးရူးသွေးတန်း မူမမှန်ခြင်း တို့ကို ၂-၁၀ ရက်အတွင်း ခံစားရပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

ကြောက်စရာကောင်းတဲ့ ခွေးရူးပြန်ရောဂါ ဘယ်လိုကာကွယ်ရမလဲ❓

✔️အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးမဖြစ်မနေထိုးပေးရပါမယ်။ တစ်ကြိမ်ထိုးရုံမကပဲ တိရစ္ဆာန်ဆေးကုခန်း၏ ညွှန်ကြားချက်အရ ဆေးခန်းမှန်မှန်ပြ၊ ‌ဆေးပုံမှန်ထိုးပေးရပါမယ်။
✔️ပိုင်ရှင်မဲ့ခွေးများမှ ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားတာမျိုး ဖြစ်တာကြောင့် မိမိတို့အိမ်မွေးတိရစ္ဆာန်များကို ဝေးဝေးနေစေတာမျိုး လုပ်သင့်ပါတယ်။
✔️ á€™á€­á€™á€­á€á€­á€Żá€ˇá€€á€­á€Żá€šá€şá€á€­á€Żá€„á€şá€œá€Šá€şá€¸ မူမမှန်ဟုထင်ရသော တိရစ္ဆာန် အထူးသဖြင့် ခွေးများတွေ့ပါက အနားကပ်ခြင်း၊ ရန်စခြင်းမပြုပဲ ဝေးဝေးရှောင်ခြင်း၊ တိရစ္ဆာန်များကို ကိုင်တွယ်ပြီးပါက လက်ဆေးခြင်း၊ ဒဏ်ရာအနာတရရှိပါက လုံခြုံစွာ ဖုံးအုပ်ပတ်တီးစည်းထားခြင်းတို့ ပြုလုပ်ပါ။

တိရစ္ဆာန်အကိုက်ခံရပါက (ခွေးမှမဟုတ် မည်သည့်တိရစ္ဆာန်မဆို)
✔️ á€’á€á€şá€›á€Źá€€á€­á€Ż ဆပ်ပြာဖြင့် ချက်ချင်းဆေးကြောပါ။
✔️နီးစပ်ရာဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပါ။
✔️ခွေးရူးပြန်ကာကွယ်ဆေး မဖြစ်မနေထိုးပါ။
✔️မိမိကို ကိုက်လိုက်သော တိရစ္ဆာန်တွင် ခွေးရူးပြန်လက္ခဏာ ပြ/မပြ၊ မပြသေးပါက အခြေအနေကို စောင့်ကြည့်ပါ။

လုံးဝ မလုပ်သင့်သောအချက်များ🚫
❌ကိုက်ခဲသော တိရစ္ဆာန်ကို သတ်ပစ်ခြင်း
❌ á€’á€á€şá€›á€Źá€€á€­á€Ż ဆေးမြီးတိုများ ထည့်ခြင်း
❌ဒဏ်ရာကို ဖုန်သိပ်ခြင်း
❌ á€’á€á€şá€›á€Źá€•á€ąá€Ťá€ş ဆေးမန်းများ၊ ရေမန်းများ ဖြန်းခြင်း
❌ á€á€˝á€ąá€¸á€›á€°á€¸á€•ဟန်ကဏကွယ်ဆ္း မထိုးခြင်း

စနစ်တကျ ကာကွယ်ဆေးထိုးခြင်းသည်သာ ခွေးရူးပြန်ရောဂါအန္တရာယ်ကို ဟန့်တားပေးနိုင်သော အရာဖြစ်သည်။☑️

Reference đŸ“š
CDC ( Centers for Disease Control and Prevention)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ â¤ď¸

👉 á€á€šá€şá€œá€Žá€€á€ťá€”်းမဏတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၂၆ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၆ ဇွန် ၂၀၂၂