ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ သည်အသစ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်သော SARS-2 Corona virus -19 ကြောင့်ကူးစက်တတ်သောရောဂါတစ်ခုဖြစ်သည်။
ကိုဗစ်-၁၉ ၏ထင်ရှားသောလက္ခဏာများသည် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်များနှင့်အလွန်ဆင်တူသည်။ မည်သည့်အထူးကုသမှုမှမရှိဘဲပြန်လည်နာလန်ထူနိုင်သည်။ သို့သော်သက်ကြီးရွယ်အိုများ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ကင်ဆာစသည့်ဆေးဘက်ဆိုင်ရာပြဿနာများရှိသောလူများကဲ့သို့သောအန္တရာယ်မြင့်မားသောလူ များတွင် ပိုမိုပြင်းထန်သောရောဂါလက္ခဏာများကိုဖြစ်ပွားစေနိုင်သည်။
ကိုဗစ်-၁၉ ကူးစက်မှုသည်အဓိကအားဖြင့်အသက်ရှူလမ်းကြောင်းသို့မဟုတ်တံတွေးမျက်ရည်များ နှာချေခြင်းများမှတဆင့်ကူးစက်နိူင်သည်။

ရောဂါကူးစက်မှုကိုကာကွယ်ခြင်း
အိမ်တွင်းရှိမတူညီသောအိမ်ထောင်စုများမှလူများနှင့်တွေ့ဆုံသည့်အခါမျက်နှာဖုံးတပ်ဆင်ခြင်း
အထူးသဖြင့်အိမ်သို့ပြန်လာလျှင် လက်များကိုဆပ်ပြာနှင့် / သို့မဟုတ်ပိုးသတ်လက်ဆေးရည်ဖြင့်ဆေးကြောသန့်ရှင်းပါ။ ဖြစ်နိုင်လျှင် ပါးစပ် နှာခေါင်း မျက်စိတဝိုက် လက်နှင့်ပွတ်သပ်ခြင်းအားရှောင်ကြဉ်ပါ။ မိမိအိမ်သားမဟုတ်လျှင် လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၁.၅ မီတာအကွာမှ ပြောဆိုဆက်ဆံပါ။
သင် ကိုဗစ်-၁၉ ၏ အောက်ပါရောဂါလက္ခဏာတစ်ခုခု ခံစားရပါက
အကယ်၍ လူနာသည် ကိုဗစ်-၁၉ လက္ခဏာများ (ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ချမ်းတုန်အဖျားတက်ခြင်း၊ အနံ့ပျောက်ခြင်း) များပေါ်ပေါက်လာပါကဒေသန္တရကျန်းမာရေး တယ်လီဖုန်းအကြံဥာဏ်လိုင်းကိုဆက်သွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူနှင့်စကားပြောပါ။ ကျေးဇူးပြု၍ ဖုန်းမှ တဆင့်ဆရာဝန်နှင့်အရင် အကြံဉာဏ်မရယူပဲ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ သို့မသွားပါနှင့်။
သွေးခုန်နှုန်း oximeter နှင့်သာမိုမီတာအိမ်မှာထားရန်အကြံပြုလိုပါတယ်
အကယ်၍ သင်သည် ကိုဗစ်-၁၉ လက္ခဏာတစ်ခုခုပေါ်လာပါက ကိုဗစ်-၁၉ အတွက်သီးခြားလမ်းညွှန်ချက်များကိုလိုက်နာပါ
အောက်မှာဖော်ပြထားတဲ့အတိုင်း:
သီးသန့်ခွဲနေရန်လိုသူများ
သံသယရှိသူများသို့မဟုတ်အတည်ပြုပြီးသော ကိုဗစ်-၁၉ လက္ခဏာပြလူနာများ...ရောဂါလက္ခဏာစပြသည့်ရက်မှစ၍ ၁၀ ရက် နှင့် ရောဂါလက္ခဏာပြခြင်းမရှိ (အဖျားမရှိခြင်း / အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာမရှိခြင်း ကဲ့သို့) ဆိုလျှင် အနည်းဆုံး ၃ ရက်
ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူ / ကူးစက်ခံရသူ သို့မဟုတ် ကူးစက်ခံရသည်ဟု သံသယရှိသူ၏ မိသားစုဝင်များ - ၁၀ ရက်... အထက်ပါရောဂါလက္ခဏာများပြသခဲ့လျှင်နောက်ထပ် ၁၀ ရက်
သီးသန့်ခွဲနေခြင်းကို ဒေသတွင်းဆိုင်ရာ သတ်မှတ်ချက်များအလိုက် သက်ဆိုင်ရာ ကိုဗစ် စင်တာများ သို့မဟုတ် မိမိအိမ်တွင်ပြုလုပ်နိုင်သည်။
ထုတ်ဝေသည့်နေ့စွဲ ၂၃ ဧပြီ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၁၂ မေ ၂၀၂၁