ကျွန်ုပ်တို့၏အကြောင်းကျန်းမာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနသည် ဆန်းသစ်တီထွင်မှု၊ ဘေးဒဏ်ခံနိုင်ရည်ရှိမှု နှင့် ပြည်သူ့ကို ဗဟိုပြုသော အဖွဲ့အစည်း ဖြစ်ပြီး၊
- ပရော်ဖက်ရှင်နယ်ကျမှု နှင့်
- ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု မြှင့်တင်ရေး
- ဘဝအရည်အသွေး မြှင့်တင်ရေး
- မြန်မာ နိုင်ငံသားများ အားလုံးအတွက် လွှမ်းခြုံပါဝင်သော အရည်အသွေးပြည့်မှီပြီး လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် သံန္နိဋ္ဌာန်ချ မှတ်ထားပါသည်။
ဦးတည်ချက်
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးတည်ချက်များမှာ
လူတိုင်း စွမ်းဆောင်ရည်ပြည့်ဝသည့် ကျန်းမာရေးအခြေအနေများရရှိစေဖို့ သာတူညီမျှမှုရှိပြီး လက်လှမ်းမှီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စေရန်
တိုင်းရင်းသား လူမျိုးများအကြား ကျန်းမာရေးကို အကြောင်းပြု ချိတ်ဆက်နိုင်ကြစေရန်
သာတူညီမျှမှု၊ အဖိုးအခ မျှတမှု၊ ထိရောက်မှု၊ ဆန်းသစ်တီထွင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု နှင့် လူနာကို ဗဟိုပြုသော အရည်အသွေးမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုကို တည်ဆောက်ရန်
အမြင်
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ညီညွတ်ရေးဆီသို့ ဆက်သွယ်ပေးနိုင်သည့် ပေါင်းကူးတံတားအဖြစ် ကျန်းမာရေးအား အသုံးပြုကာ မြန်မာနိုင်ငံသားများနှင့်အတူ ကျန်းမာရေးကြံ့ခိုင်သော နိုင်ငံတော်တစ်ခုကို တည်ဆောက်ခြင်း
တန်ဘိုးထားရှိမှုများ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများမှတဆင့် အောက်ပါ တန်ဘိုးထားရှိမှုများကို အလေးထားဆောင်ရွက်သွားပါမည်။
- ကျွမ်းကျင်တတ်မြောက်မှု
- ပရော်ဖက်ရှင်နယ်ပီသမှု
- မှန်ကန်ခိုင်မာမှု
- စောင့်ရှောက်မှုနှင့် ဂရုဏာမေတ္တာထားရှိခြင်း