စွဲလမ်းမှုရောဂါလက္ခဏာများ

စွဲလန်းမှု ကျန်းမာရေး ဝေဒနာ ဆိုသည်မှာ တစုံတခု အပေါ်တွင် အလွန်အမင်း စွဲလန်း တက်မက်၍ စိတ်စွဲ နေခြင်းမျိုးဖြစ်သည်။ ဥပမာ- မူးယစ်ဆေးစွဲခြင်း၊ ဈေး၀ယ်ထက်မရပ်နိုင်ခြင်း အစရှိသဖြင့်

အောက်ဖော်ပြပါ အချက် (၄) ချက် သည် စွဲလန်းမှု ကျန်းမာရေး ဝေဒနာ ၏ အဓိက လက္ခဏာများဖြစ်သည်။

မူးယစ်ဆေးစွဲခြင်း ရောဂါလက္ခဏာများ

မူးယစ်ဆေးစွဲခြင်း ရောဂါ ၏ ပြင်းထန်မှု အဆင့်ပေါ် မူတည်၍ ရောဂါ လက္ခဏာများမှာ ( အရက်နာကျခြင်း၊ အလုပ်/ကျောင်း နောက်ကျခြင်း၊ပျက်ကွက်ခြင်း မှစ၍ အိုးပိုင်အိမ်ပိုင် စည်းစိမ် များဆုံးရှုံး ရခြင်း အထိ) ဖြစ်စေသည်။သုံးစွဲမှု အချိန်ကာလ ပမာဏ ကြာလာသည်နှင့် အမျှ ဆေးဖြတ်ရန် ပိုမို ခက်ခဲလာမည်ဖြစ်သည်။

မူးယစ်ဆေးသုံးစဠဲ၍မူးယစ်ရှိန်မြှင့်နေချိန်တွင် အောက်ပါအန္တရာယ်များစွာဖြစ်နိုင်သည်။

  • ဆေးရှိန်မြှင့်နေစဉ်မတော်မဆဒဏ်ရာရရှိခြင်း။ (ဥပမာ-ချော်လဲခြင်း၊ယာဉ်တိုက်မှုဖြစ်ခြင်း)
  • စိတ်ကစဉ့်ကလျားဖြစ်ခြင်း
  • တွေးခေါ်နိုင်စွမ်းကျဆင်းခြင်း
  • သတိလစ်ခြင်း
  • မိသားစု၊ ဆွေမျိုးများနှင့် မသင့်မမြတ်ဖြစ်ခြင်း
  • မူးယစ်ဆေးအတွက် ငွေကြေးအလွန်အကြူးသုံးစွဲလာရခြင်း
  • ရာဇ၀တ်မှု ကျူးလွန်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း

မူးယစ်ဆေးသားကောင်များသည် မိမိတို့၏ သုံးစွဲမှု ပမာဏကို ချုပ်ထိန်းနိုင်စွမ်းကင်းမဲ့နေခြင်းကို သတိမပြုမိပါ။ ဤအခြေအနေကို (Denial state) ငြင်းပယ်မှုဟုခေါ်ဆိုသည်။

ကုသမှု အကူအညီခံယူရန် လမ်းညွှန်ချက်များကိုရေးစွဲလျက်ရှိသည်။

နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၁ မေ ၂၀၂၁