အရက်နှင့် သင့်ကျန်းမာရေး (ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်)
📢 မည်သည့် အရက်အမျိုးအစားကိုမဆို လုံးဝ ရှောင်ကြဉ်သင့်သူများမှာ
🍺 အသက် ၂၁ အောက်အရွယ်များ
🍺 ကိုယ်ဝန်ဆောင်များ သို့မဟုတ် ကိုယ်ဝန်ရနိုင်ခြေရှိသူများ
🍺 ကားမောင်းခြင်း၊ မောင်းနှင်ရန် အစီအစဥ်ရှိခြင်း သို့မဟုတ် ကျွမ်းကျင်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် နိုးကြားမှုလိုအပ်သော လုပ်ငန်းများ
🍺 အရက်နှင့် မတည့်သော၊ အရက်ကို တုံ့ပြန်မှုရှိသော ဆေးဝါးသောက်သုံးနေသူများ
🍺 အချို့သော ရောဂါဝေဒနာများကို ခံစားနေရသူများ၊ ကျန်းမာရေး ချို့ယွင်းနေသူများ
🍺 အရက်စွဲခြင်းမှ ပြန်လည်သက်သာလာသူများ သို့မဟုတ် အရက်သောက်သုံးသည့် ပမာဏကို မထိန်းချုပ်နိုင်သူများ
📢 အရက်ကြောင့် ဖြစ်ပွားနိုင်ခြေရှိသော ရေတို ကျန်းမာရေးအန္တရာယ်များ
အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ချက်ချင်းအကျိုးသက်ရောက်မှုမှာ ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိသည့် အန္တရာယ်များစွာကို မြင့်တက်လာစေခြင်း ဖြစ်သည်။
အရက်ကို မကြာခဏ အလွန်အကျွံသောက်ခြင်းကြောင့် အောက်ပါအန္တရာယ်များ ဖြစ်ပွားနိုင်သည်
🍷 ယာဥ်တိုက်မှုများ၊ ပြုတ်ကျမှုများ၊ ရေနစ်မှုများနှင့် မီးလောင်မှုများ ကဲ့သို့ အနာတရဖြစ်မှုများ
🍷 လူသတ်မှု၊ မိမိကိုယ်ကို အဆုံးစီရင်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရင်းနှီးသူ လက်တွဲဖော်အချင်းချင်း အကြမ်းဖက်မှု အစရှိသော အကြမ်းဖက်မှုများ
🍷 သွေးတွင်း အရက်ပမာဏ မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်သော အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်သည့် အရက်အဆိပ်သင့်ခြင်း
🍷 အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း သို့မဟုတ် လိင်ဆက်ဆံဖော်များခြင်းကဲ့သို့ အန္တရာယ်များသော လိင်ပိုင်းဆိုင်ရာ အမူအကျင့်များ (၎င်းအမူအကျင့်များကြောင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိမှု သို့မဟုတ် HIV အပါအဝင် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ဖြစ်ပွားစေနိုင်သည်)
🍷 ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးဖွားခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် အရက်သောက်သုံးခြင်းကြောင့် သန္ဓေသားကို ထိခိုက်ပြီးမွေးဖွားလာသော ကလေးတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အပြုအမူပိုင်းနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေခြင်း
📢 အရက်ကြောင့် ဖြစ်ပွားနိုင်ခြေရှိသော ရေရှည် ကျန်းမာရေးအန္တရာယ်များ
အရက်အလွန်အကျွံသုံးစွဲခြင်း အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပွားနိုင်သော နာတာရှည်ရောဂါများနှင့် ဆိုးရွားသော ပြဿနာများမှာ
🍾 သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အသည်းရောဂါနှင့် အစာလမ်းကြောင်းဆိုင်ရာ ရောဂါများ
🍾 ရင်သားကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အသံအိုးကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ
🍾 ခန္ဓာကိုယ်၏ ခုခံအားစနစ်အားနည်းခြင်းကြောင့်နေမကောင်းဖြစ်နိုင်ခြေ များလာခြင်း
🍾 မှတ်ဥာဏ်ချို့ယွင်းမှုနှင့် ကျောင်းတွင်း စွမ်းဆောင်ရည် နိမ့်ကျခြင်းကဲ့သို့သော သင်ယူခြင်းနှင့် မှတ်ဥာဏ်ဆိုင်ရာ ပြဿနာများ
🍾 စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများခြင်း အပါအဝင် စိတ်ကျန်းမာရေး ပြဿနာများ
🍾 မိသားစုပြဿနာများ၊ အလုပ်နှင့်ဆိုင်သော ပြဿနာများနှင့် အလုပ်လက်မဲ့ ပြဿနာများ အပါအဝင် လူမှုရေးပြဿနာများ
🍾 အရက်သောက်ခြင်းကြောင့် ဖြစ်ပွားလာသောရောဂါများ သို့မဟုတ် အရက်စွဲခြင်း
အရက်ကို အလွန်အကျွံ မသောက်သုံးဖြင့် အထက်ပါ ရေတိုနှင့် ရေရှည် ကျန်းမာရေးအန္တရာယ်များ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။
Source:
https://www.cdc.gov/alcohol/fact-sheets/alcohol-use.htm
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
#nugmoh #alcohol #အရက်

ထုတ်ဝေသည့်နေ့စွဲ -- ၁၀ ဒီဇင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၀ ဒီဇင်ဘာ ၂၀၂၂