အားလုံးပဲ မင်္ဂလာပါ။
အမျိုးသားကျန်းမာရေးကော်မတီ ( National Health Committee - Myanmar) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျန်းမာရေးနှီးနှောဖလှယ်ပွဲတစ်ခုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့ထိ အမျိုးသားကျန်းမာရေးကော်မတီ (NHC)၊ အမျိုးသားညီညွတ်ရေအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC - Health) တို့က ပူးတွဲ ဦးဆောင်ကျင်းပသွားရန်ရှိပါတယ်။ ကျွန်တော်တို့ စာတမ်းစုဆောင်းစိစစ်ရေး ကော်မတီအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်စပ်ဆိုင်တဲ့ ပြည်တွင်းပြည်ပ ပညာရှင်များထံမှ စာတမ်းများကို ဖိတ်ခေါ်စိစစ်ပြီး နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီထံ တင်ပြကာ နှီးနှောဖလှယ်ပွဲမှာ တင်ပြဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
ခေါင်းစဉ် - ဖက်ဒရယ်ကျန်းမာရေးစနစ် ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ
နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးမည့် ခေါင်းစဉ်များ (Seminar Themes)
- ၁။ ကျန်းမာရေးမူဝါဒများ (Health policies)
- ၂။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် (Human resources for health)
- ၃။ အားလုံးလွှမ်းခြုံသောကျန်းမာရေး (Universal health coverage)
- ၄။ ကျန်းမာရေးစံနစ်၏ လက်ရှိစိန်ခေါ်မှုများ (Current challenges on health system)
- ၅။ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး (Occupational safety and health)
အထက်ပါရည်မှန်းချက်များနဲ့ ပတ်သက်တဲ့ Abstract (အကျဥ်းချုပ်ကောက်နှုတ်ချက်) စာတမ်းများကို (၂၀-၈-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၄:၀၀) နာရီ နောက်ဆုံးထားပြီး လက်ခံစိစစ်ပေးသွားမှာဖြစ်ပါတယ်။ စာတမ်းများကို တင်ပြရာမှာ တစ်ရက်ကို Seminar Theme ခေါင်းစဥ်တစ်ခုအတွက် Paper Presentation (၃) ခုနဲ့ Paper Presentation တစ်ခုကို ကြာမြင့်ချိန် (၂၀) မိနစ်၊ ဆွေးနွေးချိန် (၃၀) မိနစ် စုစုပေါင်း ကြာချိန် (၅၀) မိနစ် သတ်မှတ်ထားပါတယ်။ နှီးနှောဖလှယ်ပွဲ အစီအစဉ် (အသေးစိတ်) ကို ထပ်မံ အသိပေးကြော်ငြာသွားပါမယ်။
Abstract စာတမ်းများ ပေးပို့ရန် Email - [email protected]
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ


ထုတ်ဝေသည့်နေ့စွဲ -- ၈ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၈ ဩဂုတ် ၂၀၂၂