* NUG MOH တယ်လီကျန်းမာအွန်လိုင်းဆေးခန်းတွင် တယ်လီကျန်းမာ Messenger Bot (m.me/telehealthmm) ထည့်သွင်းမိတ်ဆက်ခြင်း (၂၄-၉-၂၀၂၁) *
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာအွန်လိုင်းဆေးခန်း (https://facebook.com/telehealthmm) တွင် လူနာများအခမဲ့ ကုသမှုခံယူရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် တယ်လီကျန်းမာ Messenger Bot (m.me/telehealthmm) ကို ယနေ့ (၂၄-၉-၂၀၂၁) ရက်နေ့မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။
အခမဲ့ကုသမှုခံယူမည့် လူနာများသည် တယ်လီကျန်းမာအွန်လိုင်းဆေးခန်း Facebook Page (https://facebook.com/telehealthmm) ၏ Messenger/Chat Box မှတစ်ဆင့်လည်းကောင်း သို့မဟုတ် တယ်လီကျန်းမာ Messenger Bot ၏ တိုက်ရိုက်လိပ်စာ (m.me/telehealthmm) မှတစ်ဆင့်လည်းကောင်း ကုသမှုခံယူနိုင်ပြီဖြစ်ပါသည်။
အထွေထွေရောဂါလူနာများနှင့် COVID-19 ရောဂါလူနာများသည် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့် နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၈) နာရီမှ ညနေ (၆) နာရီအတွင်း အခမဲ့ တိုင်ပင်ကုသနိုင်မည်ဖြစ်ပါသည်။
အထူးကုဆရာဝန်ကြီးများနှင့် ဆက်လက်ပြသရန် လိုအပ်သော လူနာများကိုလည်း အထူးကုရောဂါအမျိုးအစား (၁၄) မျိုးအထိ ဆက်လက်တိုင်ပင်ကုသနိုင်ရန် စီစဉ်ထားပါသည်။
ယခင်ကြော်ငြာထားခဲ့သော တယ်လီကျန်းမာဆေးခန်း အင်တာနက်လိပ်စာများ (Doxy.me, COVID-19 Telegram Channel များ) ကို ပိတ်သိမ်းလိုက်ပြီဖြစ်၍ ဆက်လက်အသုံးမပြုကြပါရန်နှင့် တယ်လီကျန်းမာ Messenger Bot မှတစ်ဆင့်သာ အခမဲ့ကုသမှုခံယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အရေးပေါ်လူနာများ ကုသမှု ခံယူရန် မသင့်လျော်ပါ။
(တယ်လီကျန်းမာ Messenger Bot အသုံးပြုနည်းလမ်းညွှန် ရုပ်သံဗီဒီယိုများ၊ ပို့စ်များကို ဆက်လက်တင်ပြပေးပါမည်)
“MOH တယ်လီကျန်းမာ … လူတိုင်းအတွက်ပါ”
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၂၄ စက်တင်ဘာ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၄ စက်တင်ဘာ ၂၀၂၁