ကိုဗစ်-၁၉
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ သည်အသစ်တွေ့ရှိသော ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်သော SARS-2 Corona virus -19 ကြောင့်ကူးစက်တတ်သောရောဂါတစ်ခုဖြစ်သည်။
ကိုဗစ်-၁၉ ၏ထင်ရှားသောလက္ခဏာများသည် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်များနှင့်အလွန်ဆင်တူသည်။ မည်သည့်အထူးကုသမှုမှမရှိဘဲပြန်လည်နာလန်ထူနိုင်သည်။ သို့သော်သက်ကြီးရွယ်အိုများ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ကင်ဆာစသည့်ဆေးဘက်ဆိုင်ရာပြဿနာများရှိသောလူများကဲ့သို့သောအန္တရာယ်မြင့်မားသောလူ များတွင် ပိုမိုပြင်းထန်သောရောဂါလက္ခဏာများကိုဖြစ်ပွားစေနိုင်သည်။
ကိုဗစ်-၁၉ ကူးစက်မှုသည်အဓိကအားဖြင့်အသက်ရှူလမ်းကြောင်းသို့မဟုတ်တံတွေးမျက်ရည်များ နှာချေခြင်းများမှတဆင့်ကူးစက်နိူင်သည်။
Now COVID-19 third wave hit hard to people of Myanmar. Precaution and prevention of COVID-19 is necessary, please follow COVID-19 knowledge center facebook page for more information. https://facebook.com/ckcmohnugmm

ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှုကို စစ်တမ်းကောက်ခံခြင်း
ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင်ခြင်းဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ၂၀၂၁ စက်တင်ဘာလမှ ယခုအချိန်အတွင်း မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း ကိုဗစ်ရောဂါဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) သေဆုံးခဲ့ခြင်း ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုပါသည်။ စစ်တမ်းတွင်ပါဝင်ရန် ဤနေရာကိုနှိပ်ပါ

COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုဆိုင်ရာ အချက်အလက်နှင့် ကိန်းဂဏန်းများ
ယခု ပြသထားသော အချက်အလက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ခံခဲ့သည့် "ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်း” မှ ရရှိသော အချက်အလက်များကို အခြေခံ၍ တွက်ချက်ပြသထားခြင်း ဖြစ်ပါသည်။ စစ်တမ်းတွင် COVID-19 ရောဂါဖြစ်ပွားခဲ့သူများ၊ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူများ၏ အချက်အလက်များ ပါဝင်ပါသည်။ နောက်ဆုံးထွက်ရှိမှုများကိုကြည့်ရှုမည်

မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးအတွက်အရေးပေါ်အလှူခံခြင်း
ဖေဖဝါရီလ ၁ ရက်နေ့မှ စတင်ဖြစ်ပေါ်လာသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှု ဘက်ပေါင်းစုံမှ ဆုတ်ယုတ်လျက်ရှိပါသည်။ ယခုတိုင် ကျေးလက်ဒေသများတွင် ကာကွယ်ဆေး ထိုးပြီးမှု အလွန်နည်းပါးလျက်ရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် အလှူငွေများစွာလိုအပ်လျက်ရှိရာ ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအား လေးစားစွာနှိုးဆော်အပ်ပါတယ်။ ပါဝင်လှူဒါန်းလိုသောစေတနာရှင်များ အောက်ပါ လှူဒါန်းမည် ကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။
ထုတ်ဝေမှု - ဇန်နဝါရီလ ၂၀၂၂
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များစာအုပ် - ဗားရှင်း ၁
ကိုရိုနာဗိုင်းရပ် (ကိုဗစ်-၁၉) သည် လူတစ်ဦးမှလူတစ်ဦးသို့ ကူးစက်နိုင်သော အလွန်ပြင်းထန်သော ရောဂါတစ်မျိုးဖြစ်သည်။ ဤစာအုပ်ငယ်သည် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ မြန်မာလူမျိုးများနှင့် လူမှုအသိုင်းအဝိုင်းအတွက် အရေးကြီးသော အချက်အလက်များကို ပေးထားသည်။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ရပ်ရွာများကို ဘေးကင်းစေရန်နှင့် ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို ရပ်တန့်ရန် အတူတကွလုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤနေရာကိုကလစ်နှိပ်၍ စာအုပ်ငယ်ကို ရယူနိုင်ပါသည်။
Coronavirus (COVID-19) campaign resources
အောက်ပါအကြောင်းအရာတစ်ခုစီအတွက် သတင်းအချက်အလက်များ၊ ဗီဒီယိုများနှင့် ပိုစတာများကို စုစည်းတင်ပြထားပါသည်။
နောက်ဆုံးသတင်းများကိုရယူပါ
Update on COVID-19 (26-4-23)
COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၆-၄-၂၀၂၃) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေပါသည်။ သို့ရာတွင်...
ဆက်ဖတ်ရန်Clinical Management Guidelines For Suspected Or Confirmed COVID-19 Infection In Adults
Version: 1.0 Published: 13 July 2021 Click here to download Version 1.0 Version: 2.0 Published:...
ဆက်ဖတ်ရန်Update on COVID-19 (21-2-2023)
COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၁-၂-၂၀၂၃) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းလျက်ရှိပါသည်။...
ဆက်ဖတ်ရန်Update on COVID-19 (14-1-2023)
COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၄-၁-၂၀၂၃) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်လအတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှုမှာ ယခင်လထက် ၁၀ ရာခိုင်နှုန်း...
ဆက်ဖတ်ရန်Update on Covid-19 (28.12.2022)
COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၂၈-၁၂-၂၀၂၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း...
ဆက်ဖတ်ရန်Interim Guidance for Use of Nirmatrelvir Ritonavir in COVID-19 Patients
Interim Guidance for Use of Nirmatrelvir Ritonavir in COVID-19 Patients (Nov 2022) Click here to...
ဆက်ဖတ်ရန်