၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ မြန်မာပြည်တွင် COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားရန် လိုအပ်ပါသည်။
ယခုစစ်တမ်းက ရရှိသော အချက်အလက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် "၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း" မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း "ဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း" ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုပါတယ်။
ဒီ Link လေးကို ဝင်ဖြေပေးပါ။ >> https://docs.google.com/forms/d/12icJk_HTqlp7icQXW-fadFTl-mTVQYLeloelTaHVEH8/edit
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၁၀ သြဂုတ်လ ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ -- ၁၀ သြဂုတ် ၂၀၂၁