COVID-19 Update ( 14-5-2022 )

COVID-19 နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၁၄-၅-၂၀၂၂)

🦠 ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း COVID-19 ကူးစက်ခံရသူ ၃.၈ သန်းကျော် ရှိပါသည်။
🦠 အာရှဒေသတွင်းနိုင်ငံများအနက် COVID-19 လူနာသစ်တွေ့ရှိမှုနှင့် သေဆုံးမှု အမြင့်ဆုံးနိုင်ငံများမှာ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား တို့ ဖြစ်ပါသည်။
🦠 COVID-19 သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကမ္ဘာ့ကပ်ကြီးအဖြစ်မှ ပြီးဆုံးသွားနိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုင်းပြည်အလိုက်၊ ဒေသအလိုက် လူအစုလိုက်အပြုံလိုက် ဖြစ်ပွားခြင်းမျိုး ဆက်လက်ရှိနေနိုင်ပါသည်။
🦠 COVID-19 ဖြစ်ပွားသူများအနက် မဖြစ်မနေ ဆေးရုံတင်ပြီး ကုသပေးရသည့် လူနာများမှလွဲ၍ ပြင်ပလူနာကုသခြင်းကို ပိုမိုအားပေးသင့်ကြောင်း ပညာရှင်များက အကြံပြုပါသည်။

ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် –

👉 Mask တပ်ခြင်း၊
👉 လက်ဆေးခြင်း၊
👉 လူစုလူဝေး ရှောင်ရှားခြင်း၊
👉 လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊
👉 (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊
👉 ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊
👉 လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း

အစရှိသည်တို့ကို လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးပါသည်။

ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

  ထုတ်ဝေသည့်နေ့စွဲ -- ၁၄ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁၄ မေ ၂၀၂၂