Spring Healthcare Heroes အစီအစဉ်လေးအကြောင်း နည်းနည်းရှင်းပြခွင့်ပြုပါရှင့် 🙏
နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes – SHH) အစီအစဉ်ဟာ “ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့” ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲနေကြတဲ့ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင် ပြည်သူများကို ပင်ပန်းဆင်းရဲခံပြီး တစ်သားတည်း ဆေးကုသမှုပေးလျက်ရှိတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများကို ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။
SHH ဟာ “ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့” ဆိုတဲ့အတိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူများက မိမိတို့ရဲ့ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့၊ မြေပြင်မှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီသွားမှာဖြစ်ပါတယ်။
သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်သူများသာမက ပြည်သူလူထုများကပါ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူများကို ပံပိုးကူညီလိုပါကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
Member ကြေးကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိ ထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပါတယ်။ မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်များ ဝယ်ယူနိုင်ပါတယ်။ ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘောပဲ ဖြစ်ပါတယ်။ Memberဝင်ဖို့အတွက် နိုင်ငံအသီးသီးရဲ့ ကိုယ်စားလှယ်များစာရင်းကို comment မှာထည့်ရေးပေးထားပါတယ်။
သုသုတို့ရဲ့ ကျန်းမာရေးသူရဲကောင်းတွေကို နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုပါရစေရှင် 😇
✨ နိုင်ငံအလိုက် SHH Agent များ – SHH Agents across the world ✨
❗ Telegram accounts
- Myanmar – @Kiki_cdmmn
- Myanmar – @nangwei010
- Singapore – @Dahlia_Mya
- Brunei – @Aeolus_7
- Australia – @SHH_Australia_St
- Australia – @Lavender_Spring
- New Zealand – @SHH_NZ
- UK – @UK2MYANMARSHH
- UK – @metta4
- UK – @YANKIN_THAR
- UK – @n5n3o
- UK – @FriendsofMyanmar
- UK – @springcyrstal
- USA – @PhoenixEndo
- USA – @Auntyaa
- Canada – @KSTOCA
- Jamaica – @TelehealthMM_greentea
- Jamaica – @JDonut999
- Global (Mainly Japan) – @KM_OTO
————————————
❗ Facebook Pages
Global (Mainly Japan) – One-to-One CDM Campaign https://facebook.com/OneToOneCDMCampa…
Myanmar – CDM Medical Network https://www.facebook.com/cdmmn
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၃၀ ဩဂုတ် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၃၀ ဩဂုတ် ၂၀၂၂