Dr Phyo Thiha: Spring Healthcare Heroes Program

“နွေဦးကျန်းမာရေးသူရဲကောင်း (Spring Healthcare Heroes – SHH) အစီအစဉ်မှာ Member ဝင်ပါ”

ဒီ​တော်လှန်​ရေးကို အစပြု​စေခဲ့တဲ့ထဲမှာ CDM လှုပ်ရှားမှုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ထဲမှာ ဆရာဝန်၊ သူနာပြု​တွေလည်း အပါအဝင်​​ပေါ့။

သူတို့ဟာ ​ဆေးမကုချင်တာ မဟုတ်ဘဲ စစ်အာဏာရှင်လက်​အောက်မှာသာ အလုပ်မလုပ်ချင်တာ ဖြစ်ပါတယ်။ ဒါကို အထင်အရှား သက်​သေပြ​နေတာက​တော့ ဒီ​တော်လှန်​ရေးကာလမှာ အခက်အခဲ အန္တရာယ်​ပေါင်းစုံကြားက​နေ စစ်​ရှောင်ပြည်သူ​တွေ၊ ​တော်လှန်​ရေးရဲ​ဘော်​တွေကို ဆေးကုသ​ပေးနေကြခြင်းပါပဲ။ ဝန်ထမ်း​​တွေတင်မဟုတ်ဘဲ အပြင်ဆရာဝန်၊ သူနာပြု​တွေလည်း ပါကြတာ​ပေါ့။

SHH ဆိုတာက​တော့ အဲဒီဆရာ၊ ဆရာမ​တွေကို တခြား​သော ဆရာဝန်​တွေ၊ သူနာပြုတွေနဲ့ ပြည်သူ​တွေက​နေ ပြန်လည်ကူညီမဲ့ အစီအစဥ် ဖြစ်ပါတယ်။

Member ကြေးက ကျန်းမာ​ရေးသူရဲ​ကောင်း တစ်​ယောက်စာအတွက် တစ်လကို အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပါတယ်။ မိမိ ထည့်ဝင်နိုင်သလောက် လူအ​ရေအတွက်နဲ့ ၃ လ၊ ၆ လ၊ ၁ နှစ် စသဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်လို့ ရပါတယ်။ (မြန်မာ​ငွေနဲ့ဆို လအလ်ုက် သတ်မှတ်ထားတဲ့ ​ငွေလဲနှုန်းအတိုင်း ဖြစ်ပါလိမ့်မယ်။)

ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူမယ်ဆို တစ်လကို ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။

ဒါ​ကြောင့်မို့ နိုင်ငံခြားမှာ အလုပ်လုပ်​နေတဲ့ ဆရာဝန်​တွေ၊ အ​ကြောင်း​ကြောင်း​ကြောင့် သူတို့လို ​ရှေ့တန်းထိ ထွက်ဖို့ အဆင်မ​ပြေသူ​တွေ၊ ကျ​နော်တို့လို ဆေးကုသတဲ့အလုပ်နဲ့ အသက်မ​​မွေး​တော့တဲ့သူ​တွေအ​နေနဲ့ ကိုယ့်ရဲ့ ​ဆေး​လောက မိသားစုဝင် ညီအစ်ကို​မောင်နှမ​တွေကို ကူညီလိုက်ကြရ​အောင်ပါ။

လူ့အသက်ကယ်ခြင်းလို မွန်မြတ်တဲ့ကိစ္စမှာ ပါဝင်​နေတဲ့သူ​တွေကို ကူညီခြင်းဖြင့် ကုသိုလ်ပြုလိုတဲ့ ပြည်သူ​တွေကိုလည်း ဒီအစီအစဥ်​လေးမှာ ပါဝင်ဖို့အတွက် ဖိတ်​ခေါ်ပါရ​စေခင်ဗျာ။

ပါဝင်မယ်ဆိုရင်​တော့ ပြည်တွင်းဆိုရင် ဒီကို စိတ်ချယုံကြည်စွာ ဆက်သွယ်လို့ ရပါတယ်။

CDM Medical Network

m.me/101846935455895

နိုင်ငံအလိုက် ကိုယ်စားလှယ်​​တွေကတော့

❗ Telegram accounts

  • Myanmar – @Kiki_cdmmn
  • Myanmar – @nangwei010
  • Singapore – @Dahlia_Mya
  • Brunei – @Aeolus_7
  • Australia – @SHH_Australia_St
  • Australia – @Lavender_Spring
  • New Zealand – @SHH_NZ
  • UK – @UK2MYANMARSHH
  • UK – @metta4
  • UK – @YANKIN_THAR
  • UK – @n5n3o
  • UK – @FriendsofMyanmar
  • UK – @springcyrstal
  • USA – @PhoenixEndo
  • USA – @Auntyaa
  • Canada – @KSTOCA
  • Jamaica – @TelehealthMM_greentea
  • Jamaica – @JDonut999
  • Global (Mainly Japan) – @KM_OTO

————————————

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၂ စက်တင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂ စက်တင်ဘာ ၂၀၂၂