ကုလသမဂ္ဂနိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood နှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံဆွေးနွေး
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၉) ရက်
ကုလသမဂ္ဂနိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် တွေ့ဆုံ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆက်လက်ဆောင်ရွက်သွားမည့် နောက်ထပ်အဆင့်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ဇူလိုင်လ (၇) ရက်နေ့နှင့် (၈) ရက်နေ့တို့က U.S. Mission to the UN ၏ Twitter လူမှုကွန်ယက်စာမျက်နှာနှင့် U.S. Asia Pacific Media Hub ၏ Facebook လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) ဖြင့် ချမှတ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး၊ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရေး အစရှိသည့် အချက်များ ပါဝင်ခဲ့သည်။
အထူးသံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် အဆိုပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) အရ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်သွားနိုင်ရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပိုမိုဖိအားပေးပြီး အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆက်လက်ဆောင်ရွက်သွားမည့် နောက်ထပ်အဆင့်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Sources:
1) http://1) https://twitter.com/USUN/status/1677005319572946965
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 9 July 2023
Last updated: 9 July 2023