“”အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များနှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ” (New York, June 2023)

“အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များနှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ”

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဇွန်လ (၂၄) ရက်နေ့က နယူးယောက်မြို့ခံ မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဒေသစံတော်ချိန် နေ့လည် (၂) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပသော အဆိုပါဆွေးနွေးပွဲသို့ နယူးယောက်မြို့မှ မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အလေးပြုခြင်း (၃) ရပ်နှင့် စတင်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာမိသားစုများ၏ မေးခွန်းများကို ရင်းနှီးနွေးထွေးပွင့်လင်းစွာ ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြသည်။

Source: The New York City BURMESE COMMUNITY (NYCBC)

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 26 June 2023
Last updated: 26 June 2023