“ဒေါက်တာဇော်ဝေစိုး၏ အမှတ်တရစကား – တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (၂) နှစ်ပြည့် (၁၉-၆-၂၀၂၃)” (Dr. Zaw Wai Soe – Telekyanmar 2nd Anniversary) (Video) (June 2023)

တယ်လီကျန်းမာ (၂) နှစ်ပြည့်အတွက် ဒေါက်တာဇော်ဝေစိုးရဲ့ အမှာစကား… တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (၂) နှစ်ပြည့် (၁၉-၆-၂၀၂၁ မှ ၁၉-၆၂၀၂၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက တယ်လီကျန်းမာ (၂) နှစ်ပြည့်အတွက် အမှတ်တရ ဂုဏ်ပြုစကား ပြောကြားပေးထားတာ ဖြစ်ပါတယ်။ (၁၉-၆-၂၀၂၃) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်ပြည့် မွေးနေ့ရက်မြတ်ဖြစ်သလို တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းရဲ့ (၂) နှစ်ပြည့် မွေးနေ့လေးလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ (၁၉-၆-၂၀၂၁) ရက်နေ့မှာ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ #အမေစု၇၈နှစ်ပြည့်မွေးနေ့ #တယ်လီကျန်းမာ၂နှစ်ပြည့်

ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 1 July 2023
Last updated: 1 July 2023