Dry Skin “ဆောင်းတွင်းအသားပတ်ခြင်း” (December, 2022)

“ဆောင်းတွင်းအသားပတ်ခြင်း”

ဆောင်းတွင်းရောက်လာပြီဆိုတော့ ဆောင်းတွင်းအသားပတ်ခြင်း/ အသားခြောက်ခြင်းအကြောင်း ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ လေထုစိုထိုင်းဆနည်းတာကြောင့်ရော အေးတာရောကြောင့် အသားခြောက်ရပါတယ်။

🔹ဆောင်းတွင်းမှာ ဘယ်လိုတွေကြောင့် အသားခြောက်ရသလဲ?

အရေပြားရဲ့အပြင်ဘက်ဆုံးအလွှာဟာ အဆီနဲ့ ဆဲလ်သေတွေနဲ့ဖွဲ့စည်းထားပြီး အရေပြားအကာအကွယ် (skin barrier) အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီ skin barrier ပျက်စီးထိခိုက်တဲ့အခါ အရေပြားခြောက်ခြင်းနဲ့ ယားနာစတာတွေ ဖြစ်လာပါတယ်။ ဆောင်းတွင်းမှာ လေထုစိုထိုင်းဆနည်းတဲ့အပြင် အေးတာရောကြောင့် ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်ပါတယ်။ အရမ်းအေးတဲ့ဒေသတွေမှာ အပူပေးစက်သုံးတာ၊ လေအေးတွေတိုက်တာတွေကလည်း ဆောင်းတွင်းအသားခြောက်စေပါတယ်။

🔹ဆောင်းတွင်းအသားပတ်ရင် ဘယ်လိုလက္ခဏာတွေ ဖြစ်မလဲ?

* အရေပြားအဖတ်လန်ကွာကျခြင်း

* အရေပြားအကွက်များဖြစ်ခြင်း

* အသားအက်ခြင်း

* အရေပြားနီခြင်း

* အရေပြားယားယံခြင်း

* အသားကြမ်းခြင်း

🔹ဆောင်းတွင်းအသားမခြောက်အောင် ဘယ်လိုလုပ်ကြမလဲ?

အဓိကက ရေဓာတ်ပြည့်ဝအောင် နေထိုင်ဖို့ပါ။ အသားအရေကို ရေဓာတ်ကောင်းစွာဖြည့်ပေးဖို့ moisturizer လိမ်းပေးရပါမယ်။ အလှဆီလိုးရှင်းများလည်း လိမ်းပေးနိုင်ပါတယ်။ ထို့ပြင် ceramides, hyaluronic acid, glycerin, sorbitol စတဲ့ products များကို အသုံးပြုပေးခြင်းဖြင့်လည်း အသားအရေကို စိုပြေစေပါတယ်။ ဆောင်းတွင်းနဲ့လိုက်ဖက်သင့်တော်တဲ့ skin care ပစ္စည်းများကို ရွေးချယ်ရပါမယ်။ ရေများများသောက်ဖို့ကလည်း အရေးကြီးတဲ့အချက်ပါ။ လေထုစိုထိုင်းဆမြှင့်ပေးဖို့ humidifier တွေလည်း သုံးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာကိုလည်း တတ်နိုင်သမျှရှောင်ပေးပါ။

အကယ်၍ အထက်ကနည်းလမ်းတွေနဲ့ အသားခြောက်တာဟာ မသက်သာပဲ ပိုဆိုးလာတယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

မှီငြမ်း 📚
https://www.medicalnewstoday.com/articles/winter-dry-skin

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#အသားပတ်ခြင်း#dry_skin

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၁ ဒီဇင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၁ ဒီဇင်ဘာ ၂၀၂၂