“လူတိုင်းမှာ လွတ်လပ်စွာ အသက်ရှူခွင့်ရှိတယ်”

စာသား

*** "" မြန်မာပြည်မှာ ကိုဗစ်ရောဂါပိုးဟာ အလွန်ဆိုးရွားစွာ ပျံ့နှံ့နေပြီး အောက်စီဂျင်ပြတ်လပ်မှုကြောင့် လူနာထောင်ပေါင်းများစွာ နေ့စဉ် အသက်ဆုံးရှုံးနေရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများ အောက်စီဂျင် ရရှိရေးကို ပိတ်ပင်တားဆီးရန် အောက်စီဂျင်ဖြည့်သူများကို လိုက်လံဖမ်းဆီးခြင်း၊ အောက်စီဂျင်အိုးနှင့် ရှူစက်များကို လုယက်ခြင်းနှင့် အောက်စီဂျင်စက်ရုံများကို ပိတ်သိမ်းခိုင်းခြင်းတွေ ပြုလုပ်ပြီး ပြည်သူများကို အနုနည်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်က ပြည်သူများ အောက်စီဂျင် အပါအဝင် ရသင့်ရထိုက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အထောက်အကူပြုပစ္စည်းများ ရရှိနိုင်ရေး ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

လွတ်လပ်စွာ အသက်ရှူခွင့်

လွတ်လပ်စွာ O2 ရှူခွင့်

လူတိုင်းမှာ ရှိတယ်။ "" ****

>>>>>>> <<<<<<<

မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်ကောင်စီ၏ နှိပ်စက်မှုနှင့် ကိုဗစ်ရောဂါဆိုး ကူးစက်မှုဒဏ်တို့ကို အလူးအလဲ ပူးတွဲခံစားနေကြရသလို အောက်စီဂျင်ပြတ်လပ်မှု အန္တရာယ်ကိုလည်း ဆိုးရွားစွာ ခံစားနေကြရပါသည်။

ကိုဗစ်အခြေအနေပြင်းထန်သော လူနာများအတွက် အောက်စီဂျင်ရရှိရေးသည် အချိန်နှင့်အမျှ အရေးကြီးနေပြီး အသက်ဆက်ရှင်သန်ဖို့ရာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါသည်။ သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ အောက်စီဂျင် ရရှိရေးကို ပိတ်ပင်တားဆီးရန် အောက်စီဂျင်ဖြည့်သူများကို လိုက်လံဖမ်းဆီးခြင်း၊ အောက်စီဂျင်အိုးနှင့် ရှူစက်များကို လုယက်ခြင်းနှင့် အောက်စီဂျင်စက်ရုံများကို ပိတ်သိမ်းခိုင်းခြင်းများအပြင် ဆေးကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ခြင်းများနှင့် အကူအညီပေးနေသော ပရဟိတအဖွဲ့အစည်းများကို ဖမ်းဆီးနှိပ်စက်ခြင်းများကို လူမဆန်စွာ ပြုမူလျက်ရှိပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူများသည် ကျန်းမာရေးကိစ္စများအတွက်ကိုပင်လျှင် နေ့ည အချိန်မရွေး လွတ်လပ်စွာ သွားလာခွင့် မရှိသည်ကိုလည်း ဝမ်းနည်းဖွယ်ရာ မြင်တွေ့နေရပါသည်။ ယင်းသို့ ယုတ်မာမှုကြောင့် မသေသင့်ဘဲ အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရပြီး ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်နေရပါသည်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လွတ်လပ်စွာ ရပိုင်ခွင့်သည် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်သောကြောင့် ဤကဲ့သို့ လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်ခံရမှုများကို ကမ္ဘာက သိရှိကူညီအောင် အတူတကွတောင်းဆိုနိုင်ရေးအတွက် ကျွန်ုပ်တို့၏ ပြည်သူများကို အောက်ပါကမ်ပိန်းတွင် ပါဝင်ကြရန် ဖိတ်ခေါ်လိုပါသည်။

ကမ်ပိန်းတွင် ပါဝင်ရန် လမ်းညွှန်

၁) အောက်ပါစာသားနှင့် ပုံများကို ဆိုရှယ်မီဒီယာတွင် တင်ပါ။

၂) ကိုယ်နှင့်ခင်မင်သူ အနည်းဆုံး (၅) ဦးကို Tag တွဲပါ။

၃) Tag တွဲခံရသူများက စာသားနှင့်ပုံကို ပြန်တင်ပြီး နောက်ထပ်ငါးဦးကို Tag တွဲပါ။

၄) ဖော်ပြထားသော Hashtag များ ပါဝင်အောင် အသုံးပြုပေးပါ။

မှတ်ချက် ။ ။ မြန်မာစာသားဖြင့် တင်ပါက မြန်မာစာတန်းပါသော ပုံကို အသုံးပြုရန်ဖြစ်ပြီး အင်္ဂလိပ်စာသားဖြင့် တင်ပါက အင်္ဂလိပ်စာတန်းပါသောပုံကို အသုံးပြုပေးပါရန်။

ထုတ်ဝေသည့်နေ့စွဲ -- ၂၃ ဂျုလိုင် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၃ ဂျုလိုင်၂၀၂၁