အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် (April 2024)

၁။ ရေ သို့မဟုတ် အရည်များများ သောက်ပါ။
၂။ အပူရှိန် အလွန်မြင့်မားသည့် အချိန်များတွင် အပြင်မထွက်ပါနှင့်။
၃။ မိတ်ဆွေများနှင့် အိမ်နီးနားချင်းများကို ကူညီစောင့်ရှောက်ပါ။
၄။ အရိပ်ရ၊ အေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။
၅။ ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များကို အလုံပိတ်ကားအတွင်း မထားခဲ့ရ။
၆။ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက
– ထီး သို့မဟုတ် ဦးထုပ် ဆောင်းပါ။
– နေလောင်ခံ လိမ်းဆေး (SPF 15 နှင့်အထက်) လိမ်းပါ။
– ပေါ့ပါး၍ အရောင်ဖျော့ပြီး ပွချောင်သော အဝတ်အစားများကို ဝတ်ဆင်ပါ။
– သောက်ရေ ဆောင်သွားပါ။
– အရိပ်အောက်တွင် မကြာခဏ အနားယူပါ။
၇။ မွေးကင်းစများ၊ ကလေးငယ်များ၊ အသက်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများသည် အပူဒဏ်ကို ပိုမိုခံစားရနိုင်သည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Published on: April 4, 2024

Last updated: April 4, 2024

မှီငြမ်း https://www.cdc.gov/orr/infographics/ast-heat.htm