Fordyce Spots အကြောင်းသိကောင်းစရာ (December, 2022)

” ဆယ်ကျော်သက်တွေမှာ ဖြစ်တတ်တဲ့ Fordyce spots (or) Fordyce granules “

🔸Fordyce spots ဆိုတာ အမွှေးအမျှင်မရှိတဲ့ အရေပြားနေရာက အဆီဂလင်းလေးတွေ ကြီးလာပြီး အဖြူရောင် (သို့) အဝါရောင်အစက်အပြောက်အဖုလေးတွေ ပေါ်လာခြင်းဖြစ်ပါတယ်။ ပျိုဖော်ဝင်ချိန်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတတ်ပြီး နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ အဖြစ်များပါတယ်။ Fordyce spots လေးတွေဟာ သာမန်အဆီဂလင်းကြီးခြင်းဖြစ်ပြီး ကင်ဆာမဟုတ်ပါဘူး။

🔸အဲ့လို အရေပြားတစ်ဝိုက်မှာ အဖြူအစက်အပြောက်အဖုလေးတွေတွေ့တဲ့အခါ ရေယုန်လို့ထင်တတ်ကြပါတယ်။ အဲ့တော့ Fordyce spots နဲ့ Herpes (ရေယုန်) ဘယ်လို ခွဲခြားလို့ရလဲ ပြောပြပေးပါမယ်။
..

Fordyce spots က လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါ မဟုတ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း မကူးစက်နိုင်ပါဘူး။ နာကျင်ခြင်းလည်း မရှိပါဘူး။ လိင်အင်္ဂါတစ်ဝိုက်ဖြစ်တဲ့ရေယုန် ( Genital Herpes )ကတော့ လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်တာဖြစ်ပြီး အရည်ကြည်ဖုလေးတွေဟာလည်း နာပါတယ်။ Herpes ကြောင့်ဖြစ်တဲ့ အဖုလေးတွေက ရောင်ရမ်းတာမျိုးရှိပြီး ထိလိုက်ရင်လည်း နာပါတယ်။

🔸ဘယ်သူတွေမှာ Fordyce spots ပိုဖြစ်နိုင်သလဲ။

၇၀% – ၈၀% သောအရွယ်ရောက်ပြီးသူတိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးအရွယ်မှာတော့ အများအားဖြင့် မတွေ့ရပါဘူး။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် Fordyce spots ဖြစ်နိုင်ခြေ ၂ ဆ ရှိတယ်လို့ ဆိုကြပါတယ်။

🔸Fordyce spots ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ကြုံတွေ့ရမလဲ။

များသောအားဖြင့် Fordyce spots လေးတွေဟာ အစုလိုက်ထွက်တတ်ပြီး အဖြူရောင်/ အဝါရောင်/ အသားရောင်/ ပန်းရောင် အစက်အပြောက်အဖုလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ အနီးနားက အရေပြားကို ဆွဲဆန့်ကြည့်လိုက်တဲ့အခါ ပိုပြီးသိသိသာသာမြင်ရပါတယ်။ Fordyce spots လေးတွေဟာ နာကျင်မှုလည်း မရှိပါဘူး။ လိင်အင်္ဂါမှာဖြစ်တဲ့ Fordyce spots လေးတွေကတော့ တခါတရံ ယားယံတတ်ပြီး ရောင်ရမ်းတာမျိုး ရှိနိုင်ပါတယ်။

🔸Fordyce spots လေးတွေကို ဘယ်လိုကာကွယ်ကုသကြမလဲ။

Fordyce spots လေးတွေဟာ အချိန်ကြာရင် သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ သတိထားရမှာက လက်နဲ့စွဲဆိတ်တာ၊ ဖဲ့တာမျိုး မလုပ်မိဖို့ပါ။ ထိုသို့လုပ်ခြင်းက အရေပြားပိုးဝင်ပြီး ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တဲ့ Apple Cider Vinegar, Vitamin E ပါဝင်သောအဆီများ (Argan oil), အုန်းဆီ (coconut oil), နှုတ်ခမ်းအဆီစတာတွေ လိမ်းပေးခြင်းဖြင့်လည်း သက်သာအောင်လုပ်နိုင်ပါတယ်။ အချိန်ကြားတဲ့အထိ မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပငိဆွေးနွေးပြီး ကုသမှုတွေခံယူနိုင်ပါတယ်။ ကုသနိုင်တဲ့နည်းတွေကတော့

* Cryotherapy (အအေးလှိုင်းဖြင့်ကုသခြင်း)

* Electrodessication (လျှပ်စစ်လှိုင်းဖြင့်ကုသခြင်း)

* Laser skin resurfacing (လေဆာဖြင့်ကုသခြင်း)

* Micro-punch surgery (အပ်စိုက်ကုသခြင်း)

* Topical treatments (Retinoids ပါသော လိမ်းဆေးများလိမ်းခြင်း) တို့ဖြစ်ပါတယ်။

Fordyce spots တွေ မဖြစ်အောင် ကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အသားရေကို ဂရုစိုက်ထိန်းသိမ်းရပါမယ်။ နေ့စဉ်ရေနွေးနွေးနဲ့ဆေးကြောတာ၊ ရေဓာတ်ပြည့်ဝအောင် moisturizer သုံးတာမျိုး လုပ်ပေးရပါမယ်။

မှီငြမ်း 📚
https://my.clevelandclinic.org/…/24140-fordyce-spots

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#fordycespot#fordyce

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ -- ၉ ဒီဇင်ဘာ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၉ ဒီဇင်ဘာ ၂၀၂၂