ကိုဗစ်-၁၉ ရောဂါလက္ခဏာများ (အဆက်မပြတ်ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ ဖျားခြင်း၊ အနံ့ပျောက်ခြင်း) ခံစားရလျှင် မိမိတို့ဒေသအလိုက် သက်ဆိုင်ရာ မြို့နယ်တယ်လီကျန်းမာ (Telehealth) မှတဆင့် (သို့မဟုတ်) ဖုန်းနံပါတ်သို့ ခေါ်ဆိုပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဦးစွာ တိုင်ပင်ပါ။
ဖုန်းဖြင့်တိုင်ပင် ပြောဆိုခြင်း မပြုလုပ်ရသေးဘဲ ဆေးရုံ၊ ဆေးခန်းသို့ တိုက်ရိုက်မသွားသင့်ပါ။
မိမိနေအိမ်တွင် လက်ဖျားထိပ်အောက်ဆီဂျင် တိုင်းတာသည့် ကိရိယာ (Pulse Oximeter) နှင့် ကိုယ်အပူချိန်တိုင်းကိရိယာ (Thermometer) ကို ဆောင်ထားရန် လိုအပ်ပါသည်။
ကိုဗစ်-၁၉ သံသယလူနာအတွက် သီးခြားနေထိုင်ရမည့် လမ်းညွှန်ချက်ကို လိုက်နာပါ။
လက်ဖျားထိပ်အောက်ဆီဂျင်ပြည့်ဝနှုန်း (SpO2) ၉၂ % နှင့်အောက်ဆိုလျှင် နီးစပ်ရာ ဆေးကုသရေးဌာနများသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ဝေသည့်နေ့စွဲ -- ၅ ဂျုလိုင် ၂၀၂၁
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၅ ဂျုလိုင်၂၀၂၁