အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ယူနိုက်တက်ကင်းဒမ်း (United Kingdom – UK) နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling တို့ တွေ့ဆုံဆွေးနွေးခြင်း
၂၀၂၂ ခုနှစ်၊ မေလ (၂၇) ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် (၂၅-၅-၂၀၂၂) ရက်နေ့၊ UK နိုင်ငံ စံတော်ချိန် ညနေ (၅:၁၅) နာရီအချိန်တွင် UK နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး (Foreign, Commonwealth & Development Office) ၌ UK နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုကဲ့သို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဝန်ကြီး (၂) ပါးအကြား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် UK နိုင်ငံ၏ အကူအညီပေးမှုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ယူနိုက်တက်ကင်းဒမ်း (United Kingdom - UK) နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling တို့ တွေ့ဆုံဆွေးနွေးခြင်း
27th May 2022
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် (၂၅-၅-၂၀၂၂) ရက်နေ့၊ UK နိုင်ငံ စံတော်ချိန် ညနေ (၅:၁၅) နာရီအချိန်တွင် UK နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံး (Foreign, Commonwealth & Development Office) ၌ UK နိုင်ငံ၊ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးနှင့် ပါလီမန်အမတ်ဖြစ်သူ the Rt Hon Amanda Milling နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုကဲ့သို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ တော်လှန်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဝန်ကြီး (၂) ပါးအကြား ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် UK နိုင်ငံ၏ အကူအညီပေးမှုများအား အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ



ထုတ်ဝေသည့်နေ့စွဲ -- ၂၇ မေ ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ --- ၂၇ မေ ၂၀၂၂