Health Tips for Rainy Season (August 2023)

🌧️ မိုးရာသီတွင်…

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်းဆိုင်ရာ အရေးပေါ်သတိပေးချက်များ၊ ထုတ်ပြန်ချက်များကို အမြဲစောင့်ကြည့်ပါ။

☔ မိုးများ ရွာသွန်းပြီးနောက်…

သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားကဲ့သို့ ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ ဖြစ်ပွားနိုင်ခြေကို ပိုမို တိုးမြင့်စေနိုင်ပါသည်။

🦟 ခြင်ပေါက်ပွားမှုကို ကာကွယ်တားဆီးနိုင်သော နည်းလမ်းများ ပြုလုပ်ပါ။
🦟 ခြင်နိုင်ဆေး သုံးပါ။
🦟 ခြင်ထောင်ထောင်ပြီး အိပ်ပါ။ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ဝတ်ဆင်ပြီး ခြင်မကိုက်အောင် ကာကွယ်ပါ။

☔ မိုးများ ရွာသွန်းပြီးနောက်…

အစားအစာနှင့် ရေ ညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို ပိုမို တိုးမြင့်စေနိုင်ပါသည်။

🧴 မချက်ပြုတ်မီ (သို့မဟုတ်) မစားသုံးမီ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပါ။
🧼 လက်ကို စနစ်တကျ ပုံမှန် ဆေးကြောပါ။
🍉 လမ်းဘေးအစားအစာများ၊ အထူးသဖြင့် လှီးဖြတ်ပြီးသား သီးနှံများကြောင့် ဖြစ်လာနိုင်သော ရောဂါဘေးအန္တရာယ်များကို သတိထားပါ။

🚨 နိုးနိုးကြားကြား ရှိပါစေ။ ဘေးကင်းပါစေ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(ဩဂုတ်လ၊ ၂၀၂၃ ခုနှစ်)

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh #flood #floodwater #rain #rainyseason #vectorbornedisease #food #water #ရေကြီး #ရေ

Published on: 8 August 2023
Last updated: 8 August 2023