ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ
CDM ကျန်းမာရေးလုပ်သားများသည်လက်ရှိတော်လှန်ရေး၏အဓိကဦးဆောင်သူများဖြစ်ပြီးပြည်သူလူထုအကျိုးအတွက်၎င်းတို့၏စွန့်လွှတ်အနစ်နာခံမှုများသည်လေးစားဖွယ်ရာဖြစ်သည်။ CDM ကျန်းမာရေးလုပ်သားများသည်စစ်ကောင်စီမှချမှတ်ထားသောညွှန်ကြားချက်များနှင့်တာ၀န်များအားလုံးကိုမလိုက်နာခြင်းဖြင့်တိုင်းပြည်၏ကြောက်မက်ဖွယ်ရာရောဂါကိုကုသနေခင်းဖြစ်သည်။ ကျန်းမာရေး၀န်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တစ်နိုင်ငံလုံးအနှံ့ CDM ကျန်းမာရေးလုပ်သားများစာရင်းကိုပြုစုထားပြီးနိုင်ငံတော် အာဏာထိန်းချုပ်မှုပြန်လည်ရရှိသည်နှင့်တပြိုင်နက် CDM ကျန်းမာရေးလုပ်သားများအတွက်ဆုလာဘ်များနှင့်တန်ဖိုးထားလေးမြတ်မှုအစီအစဉ်များကိုအကောင်အထည်ဖော်လိမ့်မည်ဟုအာမခံထားသည်။ ဤကြားဖြတ်ကာလအတွင်းလုံခြုံသောဒေသမ/လွတ်မြောက်နယ်မြေအတွင်း CDM ကျန်းမာရေး ၀ န်ထမ်းများမှပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပြုလုပ်ရန်ထောက်ခံအားပေးသည်။ CDM ကျန်းမာရေးလုပ်သားများသည်လုံခြုံစိတ်ချရသောပတ်၀န်းကျင်ကိုဖန်တီးပေးနိုင်သည့်ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်း၍ အချို့သောစီမံကိန်းများ (လုံခြုံစိတ်ချရသောနေရာများရှိဆေးခန်းများ၊ ဆေးရုံများသို့ ၀ င်ရောက်ခြင်း)တွင်ပါ၀င်နိုင်ခွင့် ရှိသည်။






နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂၁ မေ ၂၀၂၁