ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဥရောပသမဂ္ဂ European External Action Service - EEAS ၏ Deputy Managing Director ဖြစ်သူ Mrs. Paola Pampaloni တို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်နေ့၊ ဥရောပစံတော်ချိန် နေ့လယ် (၂) နာရီအချိန်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်၌ ဥရောပသမဂ္ဂ၊ European External Action Service - EEAS ၏ Deputy Managing Director ဖြစ်သူ Mrs. Paola Pampaloni နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် Mrs. Paola Pampaloni တို့သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အမြန်ဆုံးချုပ်ငြိမ်းရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

ထုတ်ဝေသည့်နေ့စွဲ ၁ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၁ ဇွန် ၂၀၂၂