ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် တာဝန်ရှိသူများ တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဥရောပသမဂ္ဂ၊ ဥရောပပါလီမန် တာဝန်ရှိသူများ တွေ့ဆုံ

၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ ဥရောပစံတော်ချိန် နေ့လယ် (၃:၃၀) နာရီအချိန်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်၌ ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်၏ ဒုတိယဥက္ကဌ Heidi Hautala၊ ဥရောပပါလီမန်အဖွဲ့ဝင် Bernard Guetta၊ ဥရောပပါလီမန်၏ Parliamentary Relations with ASEAN & South East Asia ညွှန်ကြားရေးမှူး Antoine Ripoll တို့နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂ၊ ဥရောပပါလီမန်မှ တာဝန်ရှိသူများက ဥရောပပါလီမန်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းအားထုတ်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ဆောင်ရွက်မှုများအပေါ် စည်းလုံးခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊

အမျိုးသားညီညွတ်ရေးအစိုးရ

  ထုတ်ဝေသည့်နေ့စွဲ ၂ ဇွန် ၂၀၂၂
နောက်ဆုံးမွမ်းမံသည့်နေ့စွဲ ၂ ဇွန် ၂၀၂၂