စနစ်မှန် သွားတိုက်နည်း
(၁) သွားပွတ်တံသုံး၍ ဖလိုရိုက်ဒ် သွားတိုက်ဆေးနှင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်းဖြင့် သွားပိုးစားရောဂါနှင့် သွားဖုံးရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။
(၂) သွားတိုက်ရာတွင် သွားပွတ်တံအမျှင်များကို သွားဖုံးစပ်မှနေ၍ သွားဖက်သို့ ဆွဲတိုက်၍ အပေါ်သွား၊ အောက်သွား၊ ရှေ့သွား၊ နောက်သွား၊ အတွင်းအပြင် သွားမျက်နှာပြင်များနှင့် သွားကြို၊ သွားကြားမကျန် သွားတိုက်ဆေးနှင့် ထိစပ်ရန် အရေးကြီးပါသည်။
(၃) သွားတိုက်လေ့ မရှိသေးသူများ သွားစတိုက်သည့်အခါ သွေးထွက်လေ့ရှိသည်။ တစ်နေ့ နှစ်ကြိမ် ဆက်၍ သွားတိုက်ခြင်းဖြင့် တစ်ပတ်အတွင်း သွားဖုံးမှ သွေးထွက်ခြင်း ပျောက်ကင်းနိုင်ပါသည်။ တစ်ပတ်ကျော်၍ သွေးဆက်လက် ထွက်နေပါက သွားဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။
(၄) ဖလိုရိုက်ဒ် သွားတိုက်ဆေး အာနိသင်လျော့မသွားစေရန် သွားတိုက်အပြီး ရေနှင့် ပလုပ်ကျင်းရန် မလိုပါ။ ပိုနေသောသွားတိုက်ဆေးအမြုပ်များကို ထွေးပစ်ရန် သာဖြစ်သည်။
(၅) အသက် (၆) နှစ်အောက် ကလေးများ သွားတိုက်ရာတွင် ဖလိုရိုဒ်သွားတိုက်ဆေး ကို ကုလားပဲစေ့ တစ်ခြမ်းခန့်သာ ထည့်ပါ။
(၆) အသက် (၃) နှစ်အောက် ကလေးများ တစ်နေ့တစ်ကြိမ် သွားတိုက်စေ၍ အသက် (၃) နှစ်ကျော်လျှင် တစ်နေ့ (၂) ကြိမ် သွားတိုက်ပါ။ အသက် (၆) နှစ်အောက် ကလေးများ သွားတိုက်ခြင်းကို မိဘ၊ အုပ်ထိန်းသူများက ပြုလုပ်ပေးပါ (သို့မဟုတ်) ကြီးကြပ်ပေးပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#nugmoh#teeth#dentalhealth#brushteeth#စနစ်မှန်သွားတိုက်နည်း#သွားတိုက်နည်း
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ

Published on: 12 January 2023
Last Updated: 12 January 2023